44

23.6K 867 68
                                    

🍒 Part - 44 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ကိုကို"

အနားရောက်လာသည်နှင့် သူ့ကိုယ်ပေါ်စွေ့ခနဲခုန်တက်လာ၍ ခါးလေးကိုသိမ်းဖက်ပြီး သူမကိုယ်လေးကိုပွေ့ယူထားလိုက်ရသည်။
သူမလေးက လည်ပင်းကိုသိုင်းဖက်ပြီး ရယ်နေသောကြောင့် ဘာရယ်ဟုမသ်သေးသော်ငြား တစ်ခုခုဖြစ်လာပြီမှန်း ရိပ်မိလိုက်သည်။

"ဘာလဲ"

"ထွေးကိုလေ Queenရွေးကြတာတဲ့ ဟီဟီ!"

"အဲ့ဒီတော့"

"ထွေး တီချယ့်ကိုသွားတွေ့ခဲ့တယ် Queenဖြစ်မှာကို ကိုကိုမကြိုက်လို့မလုပ်ချင်ဘူးလို့ ပြောခဲ့လိုက်တာ"

"ဘာလို့အဲ့လိုကြီးပြောလိုက်တာလဲ သည်းကလည်း ဘဲကြောက်တဲ့ကောင်မလေးလို့ အပြောခံရမှာပေါ့"

"ပြောပါစေ"

"အဟွန်း!.. လိမ္မာလိုက်တာကွာ သည်းက ကိုယ့်ချစ်သူဘာလိုချင်လဲ သေချာသိနေတာပဲ ဆုချတဲ့အနေနဲ့ ကိုကို့ကိုဒိမ်းခွင့်ပေးမယ်"

"အမလေး.. နစ်နာနေဦးမယ်"

"တစ်ခါပဲခွင့်ပြုပေးမှာ နောက်တစ်ခါမရဘူး"

"မခါဘူး ဖယ်ပေး"

နှုတ်ခမ်းလေးစူထော်ကာ ငြင်းဆန်နေသောသူမသည် ရင်ဘတ်ကိုဘုတ်ခနဲတစ်ချက်ထုပြီး သူ့ကိုယ်ပေါ်က လျှောဆင်းဖို့ပြင်နေ၍ မလွှတ်ချင်သေးလည်း ပြန်လွှတ်ပေးလိုက်ရသည်။
သင်္ကြန်ပြီးကတည်းက မထိမတို့ရသောကြောင့် နည်းနည်းကြာနေပြီဖြစ်ကာ သူမကိုကြည့်ရတာလည်း တကယ်စိတ်ပါပုံမရ။
ထို့ကြောင့် ဆန္ဒရိုင်းတွေကိုမြိုသိပ်ပြီး အထွေးမ,စားချင်သည်ဟု ဂျီကျထားသော ကြေးအိုးဆိုင်ကိုသာ ကားကိုလမ်းကြောင်းပြောင်းခဲ့လိုက်၏။

"တွက်ကြည့်ရင် နှစ်လနီးပါးရှိပြီနော ကိုကို"

"ဘာကိုလဲ"

"ထွေးတ်ို့အတူမနေတာ"

အမှတ်တမဲ့ဟန်လေးဖြင့် စကားစလာတော့ သူ ခေါင်းညိတ်ပြလိုက်ရင်း ဘာသိဘာသာနေလိုက်ပေမယ့် ဆူနေသောသွေးတွေက တစ်ကိုယ်လုံးမှာနွေးနေလေ၏။
ထိုအချိန်မှာ စတီယာတိုင်ပေါ်ကသူ့လက်တစ်ဖက်ကို ဖွဖွလေးထိကိုင်လာသော လက်ဖမိုးဖြူဖြူဥဥလေးကလည်း သူ့စိတ်ကိုပိုပြီးဆွပေးနေသည့်နှယ်။
ဒါ့အပြင် လက်ချောင်းဖြူဖြူလေးပေါ်က Primroseလေးကလည်း မကြည့်ဘဲမနေနိုင်အောင် တဖျတ်ဖျတ်လင်းလက်နေသည်။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now