Unicode
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်
ဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။
"ရှင်ကလူသတ်သမားလား"
"မင်းကစုံစမ်းရေးအရာရှိလား"
လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။
ခွေးတစ်ကောင်ကကြောင်တစ်ကောင်ကိုမြင်တာနဲ့ဆင်တူပြီး နှစ်ယောက်လုံးမှာ အလွန်ရက်စက်ပြီးလူသတ်ချင်တဲ့အရိပ်အယောင်တွေရှိနေတယ်။
"ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပြီးသတ်ပစ်လိုက်။ဒါဆို ကျွန်မတို့နှစ်ယောက်လုံးအရှုံးမရှိဘူး။ရှင်ဘာပြောချင်လဲ"
ယဲ့ချင်းပြောစရာစကားမဲ့သွားတယ်။စုံစမ်းရေးအရာရှိတစ်ယောက်အနေနဲ့ သူမက သူလူသတ်တာကိုမတားတဲ့အပြင် သူနဲ့တောင်ပူးပေါင်းလိုက်သေးတယ်?
သူတို့ဒုတိယအကြိမ်တွေ့တော့ သူမကပြုံးပြတယ်။
"ရှင်ဘာလို့လူသတ်သမားအလုပ်ပဲပုံမှန်မလုပ်ပဲနဲ့ယောကျာ်းပြည့်တန်ဆာလုပ်ပြီးရှင့်ဂန္ဓာမာပန်းကိုအတို့ခံနေတာလဲ?ရှင်အလုပ်ပြုတ်သွားတာလား?"
"အတူတူပဲလေ မင်းကရော မင်းရဲ့အရာရှိအလုပ်ကနေထွက်ပြီးကချေသည်လာလုပ်နေတာ မင်းလည်းအလုပ်ဆက်မလုပ်နိုင်တော့လို့လား"
"ချီး!!စုံစမ်းရေးအရာရှိအလုပ်ကအချိန်ပိုင်းပဲလုပ်တာ။ကချေသည်လုပ်တာကပိုက်ဆံအများကြီးရတယ် ရှင်ဒါကိုမသိဘူးလား"
ယဲ့ချင်းကနောက်တစ်ကြိမ်ပြောစရာစကားမဲ့သွားခဲ့တယ်။ဒီပုံမှန်မဟုတ်တဲ့အရာရှိကသူ့လိုကျွမ်းကျင်လူသတ်သမားကိုလှောင်နေတာလား?
တတိယအကြိမ်သူတို့တွေ့တော့ သူမကသူနဲ့ပိုရင်းနှီးလာတယ်။
"ကျွန်မတို့မတွေ့တာတော်တော်ကြာပြီနော်။ရှင်ပန်းချီဆရာအလုပ်ပြောင်းလိုက်တာလား?အာ.....ရှင်ဆွဲနေတာကျွန်မပုံလား?"
သူမပုံပါတဲ့ပန်းချီကိုင်ထားတာကိုကြည့်လိုက်ပြီး သူ့ကိုမရေမရာမေးလိုက်တယ်။
KAMU SEDANG MEMBACA
Fiksi Sejarahဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။ "ရှင်ကလူသတ်သမားလား" "မင်းကစုံစမ်းရေးအရာရှိလား" လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။ "ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပ...