Chapter 12

429 27 0
                                    

Unicode

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 12

နောက်နှစ်လအတွင်းမှာလည်း ရှေ့တုန်းကမတော်တဆမှုနှစ်ခုလိုမျိုး အလားတူ ခြောက်ကြိမ်ဖြစ်ပွားခဲ့သည်။တစ်ခြားစကားလုံးနဲ့ပြောမယ်ဆိုရင် သူမကို သတ်ဖို့ရောက်လာတဲ့လူ စုစုပေါင်းရှစ်ယောက်ရှိပြီဖြစ်ပြီး သူတို့ရှစ်ယောက်လုံးကို ယဲ့ချင်းကတိတ်တဆိတ် သုတ်သင်ပစ်သည်။

ယဲ့ချင်းက သူမကို အမြဲတမ်းကာကွယ်နိုင်နေမှတော့ သူတစ်နေရာရာမှာ ပုန်းနေတာပဲဖြစ်ရမည်။သူမက သူ့ကိုဖမ်းဖို့လုပ်ပေမယ့် ဘယ်လောက်ပဲ သူမရဲ့ ဆဌမအာရုံကိုသုံးပြီးရှာပါစေ သူ့ကို အရိပ်အယောင်လေးတောင်မှ ရှာလို့မရနိုင်ခဲ့ဘူး။

နောက်ထပ် တစ်လကျော်လွန်သွားပြီးတဲ့နောက်မှာ ယဲ့ချင်းက ပြန်မပေါ်လာသေးပေ။သူ အနီးအနားမှာရှိနေတယ်ဆိုတာ သူမသိပေမယ့် သူ့နာမည်ကို အော်မခေါ်ရဲပေ။ဘာကြောင့်လဲဆိုတော့ ရန်သူကအနီးနားမှာပုန်းအောင်းနေပြီး သူ့ကို အန္တရာယ်ဖြစ်သွားစေမှာ စိုးရိမ်တာကြောင့်ဖြစ်သည်။

ဒါပေမယ့် သူမက သူ့ကိုတွေ့ချင်သည်။ပြီးတော့ သူ့ နေပူ၊မိုးရွာထဲမှာ ရှိနေတာကိုတွေးမိပြီး  ဒီယောကျာ်းက သူမကိုကာကွယ်စောင့်ရှောက်ဖို့အတွက် ညတိုင်းကောင်းကောင်းအနားမယူရပေ......သူမပင်ပန်းဘူးလား?ဒီအတွေးက သူမ နှလုံးသားကိုနာကျင်စေသည်။

အမှန်ကတော့ ဟွားချန်းချန်းက သူ့ပေါ်မှာခံစားချက်တွေရှိနေတာကြောင့် သူ့ကို စိတ်ပူနေတာဖြစ်သည်။ညစောင့်တာက အခြေခံစွမ်းရည်ဖြစ်ပြီး နန်းတော်မှာဆို ဘယ်လျှို့ဝှက်ရဲမက်က ညမစောင့်ရတာရှိလို့လဲ?ဘယ်စုံစမ်းရေးအရာရှိက ရာဇဝတ်သားကိုဖမ်းဖို့ တာဝန်ချိန်အတွင်းမှာ ညလုံးပေါက်မစောင့်ရတာရှိလို့လဲ?လူသတ်သမားတစ်ယောက်က လုပ်ကြံဖို့အခွင့်အရေးကို စောင့်ဆိုင်းနေတာဆိုရင် ဘယ်သူကများ ညလုံးပေါက်စောင့်မကြည့်ဘဲနေလို့လဲ?ဒါပေမယ့် အခုက သူမရဲ့ချင်းလန်ကညစောင့်နေရတာလေ သူမစိတ်ထဲဒါက ညှင်းပန်းတာလို့တွေးပြီးနာကျင်နေရတယ်။

သူက သူ့ကိုယ်သူ ဖော်ပြဖို့ငြင်းပယ်ထားမှတော့ အဲ့ဒါနဲ့ပတ်သက်ပြီး သူမလည်း ဘာမှမလုပ်နိုင်ပေ။သူ့သဘောနဲ့သူ သူမရှေ့ပေါ်လာအောင်လုပ်ဖို့ နည်းလမ်းစဉ်းစားရမယ်.....

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်(✅)Où les histoires vivent. Découvrez maintenant