Unicode
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 7ထူးချွန်တဲ့ စုံစမ်းရေးအရာရှိတစ်ယောက်အနေနဲ့ ဟွားချန်းချန်းရဲ့ သိနိုင်စွမ်းက ပုံမှန်လူတွေထက်ကောင်းမွန်သည်။သူမ သူ့ကို ဘယ်လိုပဲကြည့်ကြည့် သူ့ရဲ့နားပုံစံက လူသတ်သမားနဲ့အတူတူပဲလို့သူမခံစားရသည်။သူ့နားသီးက မှည့်နဲ့နီရဲသွားတာကအစ တူညီသည်။
သူက ရှက်မနေသင့်ဘူးလေ ဟုတ်တယ်မလား?
ယောကျာ်းတွေကိုခစားတဲ့ရှောင်ကွမ်းတစ်ယောက်က ရှက်တာလား?
ဒါက အကျိုးအကြောင်းမညီညွှတ်ပေ။သူမရဲ့ အာရုံစူးစိုက်မှုအကုန်လုံးက တစ်ဖက်လူရဲ့နားဆီမှာနစ်မြုပ်နေပြီး သူမက ရုတ်တရက် ရဲတင်းတဲ့ခန့်မှန်းချက်တစ်ခု ခန့်မှန်းလိုက်သည်။သူမစိတ်ထဲက သံသယကို အတည်ပြုဖို့အတွက် သူမကတမင်တကာ သူမနှုတ်ခမ်းတွေကို သူ့နားနားတိုးသွားကာ
"အစ်ကိုကြီးလူသတ်သမားလားဟင်"
သူမက ညင်ညင်သာသာလေးခေါ်လိုက်ပြီး သူ့ခန္ဓာကိုယ် တောင့်တင်းသွားတာကို ခံစားလိုက်ရသည်။
အခု သူမက သေချာသွားပြီဖြစ်သည်။သူမက အံ့ဩစွာပြောလိုက်သည်။
"တကယ်ကြီးရှင်လား?!ဟ ဟန်ဆောင်မနေပါနဲ့ ရှင်ဆိုတာ ကျွန်မသိတယ်။ရှင်ကအဲ့ဒီ........."
သူမ စကားပြောလို့မဆုံးခင် လက်ဖဝါးကြီးက သူမပါးစပ်ကိုနောက်တစ်ကြိမ်ထပ်ပိတ်လိုက်သည်။
သူမ ဆက်ပြောပြီး သူ့ကိုဖော်ထုတ်လိုက်တာကနေ တားဆီးဖို့အတွက် သူက သူမကိုအတင်းဆွဲခေါ်လာပြီး တံခါးကိုကန်ကာ သူမကို အခန်းထဲဆွဲခေါ်လိုက်သည်။အဲ့ဒီနောက် သူက တံခါးပိတ်လိုက်ပြီး တံခါးတုန်းကိုချကာ သော့ခတ်လိုက်သည်။အဲ့ဒါတွေ အကုန်လုံးလုပ်ပြီးတဲ့နောက်မှာ သူက စိုးရိမ်နေသေးပုံရပြီး အခန်းထဲမှာ ပုန်းနေတဲ့လူရှိမရှိ လိုက်စစ်ဆေးသည်။သူက တံခါးအပြင်ဘက်နဲ့ပြတင်းပေါက်ကိုလည်း ချောင်းကြည့်ပြီး သူတို့နောက်ကို လိုက်လာပြီး ချောင်းနားထောင်တဲ့လူရှိမရှိဆိုတာ စစ်ဆေးသည်။
YOU ARE READING
Historical Fictionဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။ "ရှင်ကလူသတ်သမားလား" "မင်းကစုံစမ်းရေးအရာရှိလား" လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။ "ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပ...