Unicode
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 17ဖုန်းယန်မြို့မှာ တစ်လလောက်နေပြီးတဲ့နောက် သူမ သဲလွန်စတစ်ခုရှာတွေ့နိုင်ခဲ့တယ်။ဒါပေမယ့် ထိုဟာက လွယ်လွယ်ကူကူရလာတာမဟုတ်တဲ့အတွက် ထိုဟာကို အပြည့်အဝအသုံးချဖို့ သူမဆုံးဖြတ်လိုက်သည်။ယဲ့ချင်းကို အမှီဖမ်းမိဖို့အတွက် သူမမြို့ထဲမှာ အချိန်အတော်ကြာရှာခဲ့ပေမယ့် သူ့အကြောင်း အရိပ်အယောင်လေးတောင်ရှာမတွေ့ရတာက သူမကို ဒေါသထွက်စေသည်။မြို့ထဲမှာ ဆယ်ရက်လောက်ထပ်နေပြီးတဲ့နောက်မှာတော့ သူမအစီအစဉ်အတိုင်း လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒီညမှာ ယဲ့ချင်းသူမအတွက် ထားပေးခဲ့တဲ့ မျက်နှာဖုံးကိုဝတ်လိုက်ပြီး အနက်ရောင်ဝတ်စုံဝတ်ဆင်ကာ အနက်ရောင်ပိတ်စက သူမမျက်နှာကို ဖုံးလွှမ်းထားသည်။သူမရဲ့ မျက်နှာအစစ်ကောင်းကောင်း ဖုံးနိုင်ပြီဆိုတာ သေချာအောင်လုပ်ပြီးတဲ့နောက် တည်းခိုခန်းကနေတိတ်တိတ်လေးထွက်သွားပြီး ဝူချီဆိုတဲ့ လူမိုက်ကို သွားရှာခဲ့သည်။
ဝူချီက သူ့လက်အောက်မှာ လူတွေအများကြီးနဲ့ ဒီနယ်က လူမိုက်ခေါင်းဆောင်ဖြစ်သည်။ဟွားချန်းချန်းရဲ့ လေ့လာချက်အရ ဒီဝူချီက လူမိုက်ဆိုပေမယ့် သူမအသုံးပြုလို့ရနိုင်မယ့် စိတ်ချရတဲ့လူဖြစ်သည်။
သူမ သူနဲ့တွေ့တဲ့အချိန် ပထမဆုံးလုပ်တဲ့အရာက တစ်ဖက်လူကို ငွေစက္ကူ*ပေးတာဖြစ်သည်။
(ရှေးအခါတုန်းက ငွေကြေး ဒါမှမဟုတ် ငွေက ရွှေ၊ငွေ၊ကြေးနီတို့ ပုံစံဖြစ်ပေမယ့် ပမာဏကြီးမားရင် သယ်ဆောင်ဖို့လေးလံသည်။ဘဏ်တွေတည်ထောင်ပြီးတဲ့နောက်မှာ ငွေစက္ကူကို ကြီးမားတဲ့အရောင်းအဝယ်တွေအတွက် အသုံးပြုခဲ့ကြသည်။ဒီ ငွေစက္ကူတွေက ယခုခေတ် ဘဏ်မူကြမ်းတွေနဲ့ဆင်တူသည်)
ဝူချီက ငွေတွေအများကြီးပါတဲ့ ငွေစက္ကူကိုမြင်တဲ့အချိန်မှာ လောဘကြီးတဲ့ပုံစံမပြပေ။ဒီမိန်းမက သူ့ကိုလာရှာပြီး သူနဲ့ညှိနှိုင်းချင်တာရှိတယ်လို့ပြောထားတာ.........ဒါကြောင့် ဒီဟာက သာမန်အပေးအယူမဟုတ်လောက်ဘူး!!!!
YOU ARE READING
Historical Fictionဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။ "ရှင်ကလူသတ်သမားလား" "မင်းကစုံစမ်းရေးအရာရှိလား" လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။ "ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပ...