Chapter 4

232 17 0
                                    

Unicode

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 4

"An Mouက ချန်းချန်းနဲ့ ညီအစ်ကိုတွေကို အကြာကြီးမစောင့်ခိုင်းသင့်ဘူး။An Mouက ဝိုင်သုံးခွက်သောက်ပြီး အပြစ်ခံယူပါ့မယ်"

ဟွားချန်းချန်းကနှာခေါင်းရှုံ့လိုက်သည်။

"ဒါက ဈေးကြီးတဲ့ဝိုင်လေ။လူကြီးမင်းသောက်လို့မရပါဘူးနော်။လက်ဖက်ရည်ကဟိုနားမှာရှိတယ် ကိုယ့်ဘာသာခပ်သောက်လိုက်ပါတော့"

သူမပြောပြီးတဲ့အခါမှာ လူတိုင်းကရယ်လိုက်ကြပြီး သခင်ကြီးအန်းကသူမကိုနောက်တစ်ကြိမ်ခေါင်းငုံ့ကာတောင်းပန်လိုက်သည်။

ထူးချွန်ပညာရှင်ကျန်းက စပ်စုချင်တာကြောင့် မေးလိုက်သည်။

"တံခါးကနေဝင်လာတုန်းက သခင်ကြီးအန်း မျက်နှာမကောင်းတာကို ကျွန်တော်သတိထားမိတယ်။ပြဿနာတစ်ခုခုများရှိနေလို့လား"

လူတိုင်းကလည်း သူတို့ရဲ့စိုးရိမ်မှုကိုပြကြသည်။

"ဟုတ်တယ် သခင်ကြီးအန်း။သခင်ကြီးမှာ ပြဿနာရှိရင် ကျွန်တော်တို့ကိုပြောလေ ဒါဆို လူတိုင်းက သခင်ကြီးရဲ့ စိုးရိမ်မှုတွေကိုဝေမျှနိုင်ပြီး ကူပြီးဖြေရှင်းပေးနိုင်တာပေါ့"

အန်းရှန်းယွင်က မချိပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

"An Mouကအားလုံးရဲ့ ကြင်နာမှုနဲ့ ဂရုစိုက်ပေးတာကို အသိအမှတ်ပြုပါတယ်။ဒီကိစ္စက ပြောပြပြီး လူတိုင်းရဲ့အကူအညီကိုလက်ခံလိုက်ရုံနဲ့ ပြီးသွားမယ့်ကိစ္စမဟုတ်ဘူး"

ပြောပြီးတဲ့နောက်မှာတော့ သူက ခပ်ပြင်းပြင်း သက်ပြင်းချလိုက်သည်။

ဟွားချန်းချန်းက ကြားလိုက်တဲ့အချိန်မှာ သူမကချက်ချင်းပဲ သိချင်စိတ်ပြင်းပြသွားသည်။

"ဘာများဖြစ်တာလဲ?သခင်ကြီးအန်း ကျွန်မတို့ကိုပြောပြပါ ကျွန်မတို့ကို သင်္ကာမကင်းဖြစ်အောင်ချန်မထားခဲ့နဲ့လေ"

အလှလေးက မေးလာတယ်ဆိုမှတော့ အန်းရှန်းယွင်က သေချာပေါက် သိမ်မွေ့စွာပြန်ဖြေပြီးတော့ ဖြစ်ရပ်တစ်ခုလုံးကို ဇာတ်ကြောင်းပြန်ပြောပြတော့သည်။

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်/ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်Tempat cerita menjadi hidup. Temukan sekarang