Chapter 13

170 10 0
                                    

Unicode

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 13

သူမက ရုတ်တရက် သူမရဲ့ဆရာ သူတို့ညီအစ်မသုံးယောက်ကိ ဒီကမ္ဘာကြီးပေါ်က ကိုယ်ယောင်ဖျောက်တဲ့နည်းလမ်းအကြောင်း တစ်ခါပြောဖူးတာကို သတိရသွားသည်။ဒီကိုယ်ခံညာက အလယ်ပိုင်းဒေသမှာမရှိဘဲ တိုင်းတစ်ပါးကျွန်းကနေဆင်းသက်လာတာဖြစ်သည်။ပြောကြတာတော့ ဒီကိုယ်ယောင်ဖျောက်တာကို လေ့ကျင့်ဖို့ဆိုရင် လူတစ်ယောက်က အလွန်မြင့်မားတဲ့အရည်အချင်းရှိဖို့လိုသည်ဟု ပြောကြသည်။

အခု ထုပ်တန်းအောက်ကလူက သူတို့ကိုမမြင်ရ‌မှတော့ ဒါဆို ကိုယ်ယောင်ဖျောက်ပညာကြောင့်များလား?

သူမက ယဲ့ချင်းကိုခိုးကြည့်လိုက်ပြီး သူမစိတ်ထဲမှာတော့ ရတနာတစ်ပါးရှာတွေ့ပြီဖြစ်ကြောင်းပြောနေသည်။

ထုပ်တန်းအောက်ကလူက အခန်းထဲကို လှည့်ပတ်ရှာပြီးတော့ ဘယ်သူမှမရှိတာကိုအတည်ပြုပြီးတဲ့နောက်မှာ ပြတင်းပေါက်ကနေ တိတ်တိတ်လေးခုန်ချသွားသည်။

ထိုလူထွက်သွားတဲ့နောက်မှာတော့ ယဲ့ချင်းကသူမကိုဖက်ကာ ထုပ်တန်းအောက်ကိုခုန်ဆင်းလာပြီး မြေကြီးပေါ်ကိုတိတ်တိတ်လေးရပ်လိုက်သည်။

"ဒီမှာနေ"

ထိုစကားပြောပြီးတာနဲ့ သူကလည်း ထိုလူကိုလိုက်ရှာဖို့ ပြတင်းပေါက်ကထွက်သွားသည်။

ဟွားချန်းချန်းက သူအဲ့ဒီလူကို ကိုင်တွယ်ဖို့သွားတယ်ဆိုတာသိတာကြောင့် အခန်းထဲကစောင့်နေလိုက်သည်။စီးချန်တစ်ဝက်လောက်စောင့်ပြီးတဲ့နောက်မှာတော့ သူမစိတ်ထဲ စီးချန်ပေါင်းများစွာကြာအောင်စောင့်နေရတယ်လို့ ခံစားနေရသည်။

သူမက စတင်စိုးရိမ်လာပြီး အဝတ်အစားလဲဖို့လုပ်နေတဲ့အချိန်မှာပဲ ယဲ့ချင်းကသူ့ဓားနဲ့အတူပြန်ရောက်လာခဲ့သည်။

"ဖြေရှင်းပြီးပြီလား"

သူမက အံ့ဩစွာမေးလိုက်ပြီး သူခေါင်းငြိမ့်ပြတာကိုမြင်တော့ ပိုပြီးအံ့ဩသွားသည်။

"အရမ်းမြန်တာပဲ"

စောနလေးကအထိ သူမက အချိန်တွေအရမ်းကြာတယ်လို့ခံစားနေရပြီး အခု သူပြန်ရောက်လာတာကိုမြင်တော့ သူ့ရဲ့ကိစ္စတွေကိုဖြေရှင်းနှုန်းကအရမ်းမြန်တယ်လို့တွေးလိုက်သည်။

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်/ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်Where stories live. Discover now