Unicode
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 16သူတို့နှစ်ယောက်လုံး အဝတ်အစားတွေလဲပြီးတဲ့နောက်မှာတော့ ဟွားချန်းချန်းက ကြေးမုံရှေ့မှာ ငုတ်တုပ်ထိုင်ကာ သူမမျက်လုံးတွေကိုမှိတ်ထားပြီး ယဲ့ချင်းကို သူမပုံစံပြောင်းခွင့်ပြုထားသည်။သူ့လက်တွေက တော်ပြီး သူမကို အိမ်ထောင်သည်ဆံထုံးထုံးပေးလိုက်သည်။သူမက မတတ်နိုင်ပေမယ့်လည်း ဒါက စုံတွဲအနေနဲ့ သူတို့အတွက်ပျော်စရာဖြစ်တာကြောင့် သက်ပြင်းချလိုက်သည်။သူ့လက်တွေ သူမတစ်ကိုယ်လုံးကိုထိတွေ့ပြီး ယားယံစေခဲ့တဲ့အချိန်ကိုပြန်တွေးမိတော့ သူမနားတွေပူလာတာကို မထိန်းချုပ်နိုင်ပေ။
(ရှေးခေတ်တုန်းက အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ရဲ့ဆံထုံးပုံစံနဲ့ လက်မထပ်ရသေးတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဆံထုံးပုံစံက ကွဲပြားပါတယ်။အိမ်ထောင်သည်အမျိုးသမီးက သူတို့ဆံထုံးကို နိမ့်နိမ့်ထုံးပြီး လက်မထပ်ရသေးတဲ့အမျိုးသမီးကတော့ မြင့်မြင့်ထုံးကာ ကျန်တဲ့ဆံပင်ကိုဖြန့်ချထားသည်။ဒါပေမယ့် ဆံပင်ပုံစံတွေက အမျိုးသမီးတွေနေထိုင်တဲ့ မင်းဆက်တွေအလိုက်ကွဲပြားပါတယ်)
ယဲ့ချင်းက ကြေးမုံမှန်ထဲက သူမကိုကြည့်ပြီး အံ့ဩသွားသည်။သူမ မျက်နှာကပြောင်းသွားပြီး ရှက်နေတာကို ဖုံးထားပေမယ့်လို့ သူမရဲ့နားနီနီလေးတွေက ဒီအချိန်မှာ သူမခံစားချက်ကိုဖော်ပြနေသည်။
ရုတ်တရက် သူက အသိဝင်လာသည်။သူ့မျက်လုံးတွေကပြုံးနေပြီး နှုတ်ခမ်းပါးပါးတွေကလည်း ကွေးတက်သွားကာ အောက်ငုံ့ပြီး သူမနားနားကိုကပ်ကာ နားသီးကိုစုပ်ယူလိုက်သည်။
သူက သူမကို ဒီလိုရုတ်တရက်ကြီးလာတိုက်မယ်မထင်ထားပေ။သူမက ကြက်သီးထသွားပြီး အဲ့ဒီနောက် သူမနားတွေကို အမြန်ဖုံးလိုက်သည်။
"လျှောက်မကစားနေနဲ့တော့ ကျွန်မဆံပင်တွေ မတော်တဆထပ်ပြီး ရှုပ်သွားလိမ့်မယ်"
"မင်းဆံပင်ရှုပ်ပွသွားရင် ကိုယ်ကနောက်တစ်ခေါက်ထပ်ဖြီးပေးမယ်"
သူက တိုးတိုးလေးပြောလိုက်သည်။
သူမခေါင်းကိုလှည့်ကာ သူ့ရဲ့အမြတ်တနိုးကြည့်နေတဲ့အကြည့်တွေနဲ့တွေ့လိုက်ရပြီး သူမနှုတ်ခမ်းတွေကိုရှက်ရွံစွာပြုံးကာ အလိုလိုက်ခံထားရတဲ့ မိန်းမငယ်လေးလို ပြုမူလိုက်သည်။
VOUS LISEZ
Fiction Historiqueဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။ "ရှင်ကလူသတ်သမားလား" "မင်းကစုံစမ်းရေးအရာရှိလား" လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။ "ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပ...