Chapter 18

90 8 0
                                    

Unicode

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 18

"ကိုယ့်နားတွေလည်းဖုံးထားတယ်"

သူမ ဘာကြည့်နေလဲဆိုတာ သူသိတယ်။သူမနဲ့ အချိန်အတော်ကြာအတူတူရှိလာပြီးတဲ့နောက် သူမရဲ့ လျှို့ဝှက်ချက်လေးကိုရှာ‌တွေ့သွားပေမယ့် မဖော်ထုတ်ခဲ့ပေ။

သူက ယဲ့ချင်းဆိုတာ ဟွားချန်းချန်းသတိပြုမိတော့ သူမက အလွန်ပျော်ရွှင်သွားသည်။ဒါပေမယ့် စိတ်လည်းဆိုးနေတုန်းဖြစ်သည်။ယဲ့ချင်းသူမကို လွှတ်ပေးလိုက်တာနဲ့တစ်ပြိုင်နက် သူမလက်ကို မြှောက်ကာ သူ့ပါးကိုရိုက်လိုက်သည်။

ယဲ့ချင်းဘယ်လောက်ပဲမြန်မြန်တုံ့ပြန်နိုင်ပါစေ သူတို့ပြန်ဆုံတဲ့အချိန်မှာ သူမက သူ့ကို ပါးရိုက်လိမ့်မယ်လို့တော့ မထင်ထားပေ။ချက်ချင်းပဲ သူမမျက်လုံးတွေနီရဲလာပြီး အဲ့ဒီနောက် သူမရဲ့ ပုလဲမျက်ရည်တွေကျဆင်းလာသည်။

သူမ ငိုကြွေးတော့သည်။

စောနက သူမအရမ်းကြောက်နေတုန်းက မျက်ရည်တစ်စက်မကျခဲ့ဘူး ဒါပေမယ့် အခု သူမလုံခြုံတယ်ဆိုတာ သိရတော့ ကလေးတစ်ယောက်လိုငိုတော့တယ်။

ယဲ့ချင်းသူမနဲ့အတူတူဖြတ်သန်းလာတဲ့အချိန်တွေကနေ အခုအချိန်အထိ သူမရဲ့ ဘဝင်မြင့်တဲ့အမူအရာ၊ရဲရင့်တဲ့အမူအရာ နဲ့ကျီစယ်လှည့်ဖြားပြီး ညစ်ပတ်တတ်တဲ့ ပုံစံဘက်ခြမ်းတွေကိုသာ မြင်ဖူးခဲ့ပေမယ့် သူမ အခုလိုမျိုး ရှိုက်ကြီးတငင်ငိုကြွေးတာကိုတော့ တစ်ခါမှမမြင်ဖူးပေ။

"ချန်းချန်း?....."

"ရှင်တအားယုတ်မာတယ်!အရမ်းယုတ်မာတယ်!ရှင်ကျွန်မကို ဒီလိုမျိုး ခြောက်ရလားလို့!"

သူမက အရမ်းဒေါသထွက်တာကြောင့် သူ့ကို ကန်ပစ်ပြီး ကလေးတစ်‌ယောက်လို အရိုင်းဆန်စွာ ထုရိုက်ပစ်သည်။

ယဲ့ချင်းက အမြန် သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။သူ့ အပြုအမူတွေ အတော်လေးလွန်သွားတယ်ဆိုတာ သူသိတယ် ပြီးတော့ သူမကိုလည်း ဒေါသထွက်သွားစေတယ်။သူ့မှာ မလိုတမာစိတ်ရည်ရွယ်ချက်မရှိဘဲ သူမကို အန္တရာယ်ဆိုတာ ဘယ်လိုလဲဆိုတာကိုဘဲ ခံစားမိစေရန်ဖြစ်သည်။ဒါဆို သူမလည်း ဒီကိစ္စက အရေးမပါတာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားမည်ဖြစ်သည်။သူက သူမကို သူမရဲ့ ယခုလက်ရှိအခြေအနေက ဘယ်လောက်အန္တရာယ်များလဲဆိုတာ သိစေချင်တာဖြစ်ပြီး သူက......သူမကို မစွန့်စားစေချင်တာဖြစ်တယ်။

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်/ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်Where stories live. Discover now