Unicode
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 9ရာသီဉတုက ပူသထက်ပူလာတာကြောင့် ဟွားချန်းချန်းက ကပြဖျော်ဖြေမှုတွေအားလုံးကို ငြင်းပယ်ထားသည်။ကျန်းကော်မြို့စားအိမ်တော်နဲ့ ချန်းနင်အမတ်မင်းအိမ်တော်တွေက ပွဲတွေကို ကပြဖျော်ဖြေပြီးတဲ့နောက်မှာ ဆုကြေးတွေအများကြီးရထားတာကြောင့် ဟွားချန်းချန်းက တစ်ခြား ဖျော်ဖြေပွဲဖိတ်ကြားချက်အားလုံးကို ခေတ္တငြင်းပယ်ထားဖို့ လုနျန်းကိုညွှန်ကြားထားသည်။
ဒီလျှို့ဝှက်စုံစမ်းရေးအရာရှိက ဖုန်းချောင်ကုန်းကို တိတ်တိတ်လေးစုံစမ်းဖို့ ဆုံးဖြတ်ထားသည်။သူက သူမကို ပြဿနာရှာရဲမှတော့ သူမကလည်း သူ့ကို အကျိုးဆက်တွေခံစားခိုင်းပြီး လုံးဝ အေးအေးဆေးဆေးနေခိုင်းမှာမဟုတ်ဘူး။
ဒီနေ့မှာပဲ မိုးသည်းထန်စွာရွာတာကြောင့် အပူကို သက်သာသွားစေပြီး လေထုထဲမှာ အေးမြမှုအချို့ရှိနေသည်။မိုးက တစ်နေ့လုံးရွာနေပြီး ညအချိန်အထိဖြစ်ကာ မိုးကြိုးပစ်ပြီး လျှပ်စီးလက်တဲ့အထိဖြစ်သည်။ယွီကွေ့ဖန်းက အမျိုးသမီးတွေက အလွန်ကြောက်လန့်တာကြောင့် သူတို့ရဲ့ အိပ်ဆောင်တွေထဲမှာ ပုန်းခိုနေကြပြီး ဟွားချန်းချန်းကလွဲလို့ ဘယ်သူမှအပြင်ကို အရဲစွန့်ပြီးမထွက်ရဲကြပေ။
သူမက ဒီလိုမျိုး မိုးကြိုးနဲ့လျှပ်စီးလက်တာရဲ့ ပုံရိပ်ကို သဘောကျသည်။ညကောင်းကင်ယံမှာလင်းထိန်နေတဲ့ လျှပ်စီးကြောင်းတွေကိုကြည့်ရတာက အံ့ဩဖွယ်ကောင်းပြီး မိုးခြိမ်းသံတွေရဲ့ တခြိမ်းခြိမ်းအော်မြည်သံတွေက တေးသီချင်းပြိုင်ပွဲကလိုမျိုး စိတ်လှုပ်ရှားစရာကောင်းသည့်အပြင် ဗုံတီးသံတွေထက်တောင်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းသည်။
စိတ်အားထက်သန်စွာနဲ့ သူမရဲ့ ပန်းထိုးဖိနပ်တွေကိုချွတ်ပြီး လှေကားထစ်ပွဲကြည့်စင်ရဲ့ သစ်သားကြမ်းပြင်တွေပေါ်မှာ ခြေဗလာနဲ့ပြေးသွားပြီး လေရယ်မိုးရယ်နဲ့အတူ ကခုန်နေလိုက်သည်။
သူမရဲ့ သခင်မလေး မိုးရေထဲကိုပြေးဆင်းသွားတာမြင်တော့ ကျဲ့အာက လန့်သွားပြီး တစ်ခြားအစေခံတွေကို အမြန်အမိန့်ပေးလိုက်သည်။
YOU ARE READING
Historical Fictionဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။ "ရှင်ကလူသတ်သမားလား" "မင်းကစုံစမ်းရေးအရာရှိလား" လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။ "ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပ...