Unicode
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 1သူမက ဓားရှည်ကိုကိုင်ထားပြီးသူမရှေ့ကလူကိုချိန်ရွယ်ထားသည်။သူမရဲ့အကြောတွေအားလုံးကတင်းမာနေပြီးသူမမျက်နှာကဖြူဖျော့နေပေမယ့် သူမရဲ့ထင်းထွက်နေတဲ့အလှကိုလျစ်လျှူရှုထားဖို့ဆိုတာမဖြစ်နိုင်ပေ။
ရှေးတုန်းကပြောကြတယ် အလှလေးတွေက ကံမကောင်းတဲ့ဘဝတွေရှိတတ်ကြတယ်တဲ့။အလှတရားကအမြဲတမ်းတစ်ခြားလူတွေရဲ့ရမ္မက်ကိုနှိုးကြားစေပြီးဒုက္ခတွေကိုသယ်ဆောင်လာနိုင်တယ်။
ဒါကြောင့် သူမရဲ့အလှတရားက ကျောက်စိမ်းမြေခွေးဆီကနေဒုက္ခတွေကိုဆွဲဆောင်လာတာအံ့ဩစရာတော့မဟုတ်ပေ။
"ချန်းချန်း မင်းကိုကြည့်ပါဦး မင်းစိတ်လှုပ်ရှားနေတာ စိတ်ချပါ ကိုယ်မင်းကိုမကိုက်စားပါဘူး"
ပြောလိုက်တဲ့ယောကျာ်းမှာ ချောမောတဲ့မျက်နှာရှိပြီး ကျန်းဟူမှာသူ့ကို ကျောက်စိမ်းမြေခွေးလို့ခေါ်ကြတယ်။
ကျောက်စိမ်းမြေခွေးရဲ့ပုံစံက သူ့နာမည်ကအတိုင်းပဲဖြစ်သည်။သူက ချောမောတဲ့ပုံပန်းသဏ္ဌာန်နဲ့သဘာဝအတိုင်းမွေးဖွားလာဖြစ်ပြီး နူးညံ့သိမ်မွေ့တဲ့အသားအရည်ရှိကာ ကြော့ရှင်းသန့်စင်တဲ့အသွင်အပြင်ရှိသည်။ဒါပေမယ့် အဲ့ဒီကြည့်ကောင်းတဲ့မျက်နှာကြောင့်ပဲ အမျိုးသမီးတွေအားလုံးကသူ့ရှေ့မှာအရှုံးပေးလိုက်ကြရပြီး ကြီးမားတဲ့ဆုံးရှုံးမှုတွေကိုခံစားကြရသည်။
အဆိုရှိသလိုပဲ "လူတစ်ယောက်ကိုသိတယ်၊သူ့မျက်နှာကိုသိတယ် သူ့စိတ်ကိုတော့သိနိုင်မှာမဟုတ်ဘူး" ပြီးတော့ ဒါက ကျောက်စိမ်းမြေခွေးလိုမျိုး မြေခွေးတစ်ကောင်လိုကောက်ကျစ်ပြီး အလိုရမ္မက်ကြီးတဲ့စိတ်ဓာတ်ရှိကာ အင်မတန်ရဲရင့်တဲ့ယောကျာ်းတစ်ယောက်ကိုဖော်ပြတာပဲဖြစ်သည်။သူ့ဆီမှာ မိန်းကလေးတွေဘယ်နှစ်ယောက်လောက်လှည့်စားခံရပြီး သူတို့ရဲ့ဂုဏ်သိက္ခာတွေကိုအဆုံးရှုံးခံကာ သူ့နောက်ကိုလိုက်ကြလဲဆိုတာမသိနိုင်ပေ။ဒါ့အပြင် သူက အထက်တန်းလွှာကမိန်းမပျိုတွေကိုတောင်မှ ကစားရဲသည်။မရေတွက်နိုင်တဲ့မိန်းမတွေက သူ့အတွက်နဲ့ပဲ သူတို့ကိုယ်သူတို့ကြိုးဆွဲချသတ်သေတာနဲ့မြစ်ထဲခုန်ချပြီးသတ်သေတာတွေကိုလုပ်ခဲ့ကြသည်။သူ့မျက်လုံးထဲမှာ မိန်းမတစ်ယောက်ကိုဖမ်းစားနိုင်လိုက်သရွေ့ သူ့လက်ထဲကနေဘယ်သူမှလွတ်တယ်ဆိုတာမရှိပေ။
YOU ARE READING
Historical Fictionဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။ "ရှင်ကလူသတ်သမားလား" "မင်းကစုံစမ်းရေးအရာရှိလား" လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။ "ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပ...