Unicode
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 15နေ့လယ်စာစားချိန်ဖြစ်တဲ့အတွက် စားသောက်ဆိုင်တွင် လူများပြည့်ကျပ်နေသည်။စားသောက်ဆိုင်ရဲ့အပေါ်ထပ်နဲ့အောက်ထပ်မှာ ရှောင်အာ*တွေအားလုံး ဧည့်သည်တွေကိုဝန်ဆောင်မှုပေးဖို့ အလုပ်များနေကြပြီး စားပွဲတိုင်းကလည်း လက်တလောဖြစ်နေတဲ့အကြောင်းအရာတွေကိုဆွေးနွေးနေကြတဲ့ ဧည့်သည်တွေနဲ့အတူ နေရာယူထားကြသည်။
(ရှောင်အာဆိုတာ ဒုတိယအငယ်လေးလို့အဓိပ္ပာယ်ရပြီး စားသောက်ဆိုင်၊တည်းခိုခန်း၊လက်ဖက်ရည်ဆိုင်တွေမှာ ဧည့်သည်တွေကို စားသောက်ဖွယ်ရာတွေဧည့်ခံရတဲ့လူတွေကိုညွှန်းဆိုသည်။ရှေးခေတ်က စားသောက်ဆိုင်တွေအများအားဖြင့် တည်းခိုခန်းနဲ့တွဲရက်တည်ရှိသည်။၎င်းရှောင်အာတွေက ဧည့်သည်တွေကို စားသောက်ဆိုင်မှာဧည့်ခံရပြီး မီးဖိုချောင်ထဲအလုပ်လုပ်ကာ သန့်ရှင်းရေးး ငွေကောက်တာများလုပ်ရသည်။တည်းခိုခန်းမှာ တည်းတဲ့ဧည့်သည်တွေကိုလည်း ဝန်ဆောင်မှုပေးရသည်၊သူတို့က တည်းခိုခန်းပိုင်ရှင်အောက်မှာတိုက်ရိုက်အလုပ်လုပ်တာကြောင့် ဒုတိယဩဇာရှိသူဖြစ်ပြီး ဒါကြောင့်ပဲ သူတို့ကို ရှောင်အာလို့ခေါ်တာဖြစ်သည်။)
"လင်ဝမ်ကအခုလတ်တလော ရွှေ့ရှူဖေးဆိုတဲ့ ကိုယ်လုပ်တော်ကိုနှစ်သက်နေတယ်လို့ပြောတယ်"
"အဲ့ဒီ ရွှေ့ရှူဖေးက အရမ်းလှလို့လား"
"ဆန့်ကျင်ဘက်အနေနဲ့ဆို အဲ့လိုမဟုတ်ဘူး။သူ(မ)ရုပ်ရည်က အတွင်းဆောင်မှာဆို ထင်းထွက်ပြီးလှတယ်လို့သတ်မှတ်လို့မရဘူးတဲ့။အိမ်တော်ကိုဝင်ပြီး နှစ်နှစ်လောက်ကြာတဲ့အထိ သူ(မ)မှာ လင်ဝမ်ရဲ့အာရုံစိုက်မှုကိုရယူနိုင်မယ့် ထူးခြားချက်ရှိတယ်လို့လည်းမကြားရပါဘူး။ဒါပေမယ့် မထင်မှတ်ဘဲ လင်ဝမ်က သူ(မ)ကို ရုတ်တရက်ကြီး နှစ်သက်သွားပြီး ရှူဖေးအဆင့်တောင်တိုးပေးလိုက်တယ်"
"လင်ဝမ်က ဘယ်တုန်းကမှ အတွင်းဆောင်ကအလှလေးတွေကို အမြတ်တနိုးလုပ်လေ့မရှိပါဘူး ဒါပေမယ့် အခုကျ အံ့ဩဖို့ကောင်းအောင်ကို ရုတ်တရက်ကြီး ဒီရွှေ့ရှူဖေးကိုစွဲလမ်းနေတယ်"
YOU ARE READING
Historical Fictionဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။ "ရှင်ကလူသတ်သမားလား" "မင်းကစုံစမ်းရေးအရာရှိလား" လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။ "ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပ...