Summary

1.9K 34 0
                                    

Unicode

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်

ဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။

"ရှင်ကလူသတ်သမားလား"

"မင်းကစုံစမ်းရေးအရာရှိလား"

လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။

ခွေးတစ်ကောင်ကကြောင်တစ်ကောင်ကိုမြင်တာနဲ့ဆင်တူပြီး နှစ်ယောက်လုံးမှာ အလွန်ရက်စက်ပြီးလူသတ်ချင်တဲ့အရိပ်အယောင်တွေရှိနေတယ်။

"ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပြီးသတ်ပစ်လိုက်။ဒါဆို ကျွန်မတို့နှစ်ယောက်လုံးအရှုံးမရှိဘူး။ရှင်ဘာပြောချင်လဲ"

ယဲ့ချင်းပြောစရာစကားမဲ့သွားတယ်။စုံစမ်းရေးအရာရှိတစ်ယောက်အနေနဲ့ သူမက သူလူသတ်တာကိုမတားတဲ့အပြင် သူနဲ့တောင်ပူးပေါင်းလိုက်သေးတယ်?

သူတို့ဒုတိယအကြိမ်တွေ့တော့ သူမကပြုံးပြတယ်။

"ရှင်ဘာလို့လူသတ်သမားအလုပ်ပဲပုံမှန်မလုပ်ပဲနဲ့ယောကျာ်းပြည့်တန်ဆာလုပ်ပြီးရှင့်ဂန္ဓာမာပန်းကိုအတို့ခံနေတာလဲ?ရှင်အလုပ်ပြုတ်သွားတာလား?"

"အတူတူပဲလေ မင်းကရော မင်းရဲ့အရာရှိအလုပ်ကနေထွက်ပြီးကချေသည်လာလုပ်နေတာ မင်းလည်းအလုပ်ဆက်မလုပ်နိုင်တော့လို့လား"

"ချီး!!စုံစမ်းရေးအရာရှိအလုပ်ကအချိန်ပိုင်းပဲလုပ်တာ။ကချေသည်လုပ်တာကပိုက်ဆံအများကြီးရတယ် ရှင်ဒါကိုမသိဘူးလား"

ယဲ့ချင်းကနောက်တစ်ကြိမ်ပြောစရာစကားမဲ့သွားခဲ့တယ်။ဒီပုံမှန်မဟုတ်တဲ့အရာရှိကသူ့လိုကျွမ်းကျင်လူသတ်သမားကိုလှောင်နေတာလား?

တတိယအကြိမ်သူတို့တွေ့တော့ သူမကသူနဲ့ပိုရင်းနှီးလာတယ်။

"ကျွန်မတို့မတွေ့တာတော်တော်ကြာပြီနော်။ရှင်ပန်းချီဆရာအလုပ်ပြောင်းလိုက်တာလား?အာ.....ရှင်ဆွဲနေတာကျွန်မပုံလား?"

သူမပုံပါတဲ့ပန်းချီကိုင်ထားတာကိုကြည့်လိုက်ပြီး သူ့ကိုမရေမရာမေးလိုက်တယ်။

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်/ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်Where stories live. Discover now