Unicode
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 8လုနျန်းက ဟွားချန်းချန်းကို အုပ်ချုပ်ရေးမှူးအိမ်တော်မှာ ရှာမတွေ့တာကြောင့် နေရာတိုင်းကို လိုက်မေးကြည့်ဖို့ သွားခဲ့သည်။အဲ့ဒီနောက် အုပ်ချုပ်ရေးမှူးအိမ်တော်က အိမ်တော်ထိန်းပြောတာက သခင်အုပ်ချုပ်ရေးမှူးက ဟွားချန်းချန်းအတွက် တစ်ခြား ဧည့်သည်အဆောင်မှာ နေဖို့စီစဉ်ပေးထားပြီးသားဖြစ်တာကြောင့် စိတ်မပူဖို့ပြောလိုက်သည်။
ဒါက သခင်အုပ်ချုပ်ရေးမှူးက သူမကို အတင်းအကြပ် ချုပ်နှောင်ထားတယ်ဆိုတာ ထင်ရှားတယ် ဒါပေမယ့် သူတို့လို သာမန်ပြည်သူတွေက ဘယ်လိုလုပ် အတိုက်အခံလုပ်ရဲပါ့မလဲ?
လုနျန်းက စိတ်ဓာတ်ကျနေပြီး ဘာလုပ်ရမလဲဆိုတာ မသိတော့ပေ။သူမက သခင်အုပ်ချုပ်ရေးမှူးကို ဒီလောက်အထိ ကြီးစိုးခြယ်လှယ်တတ်လိမ့်မယ်လို့ မထင်မှတ်ထားပေ။
သူတိုက ဟွားချန်းချန်းကို လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ ထင်ရှားသည်။အိမ်တော်ထိန်း ဒါကိုပြောလိုက်တာက သခင်အုပ်ချုပ်ရေးမှူးရဲ့ မျက်နှာသာပေးမှုကို ရရှိရန်ဖြစ်ပြီး သူတို့အတွက် ဘာကကောင်းလဲဆိုတာ သေချာသိသင့်သည်။
လုနျန်းက စိုးရိမ်စိတ်တွေနဲ့ ဖုံးလွှမ်းနေပြီး ရွေးချယ်စရာမရှိတော့ဘဲ အဖွဲ့ထဲကလူတွေစုကာ သခင်အုပ်ချုပ်ရေးမှူးရဲ့အိမ်တော်ကနေထွက်သွားပြီး တည်းခိုခန်းမှာနေဖို့ပဲရှိတော့သည်၊
လုနျန်းက သည်းသည်းထန်ထန်ငိုကြွေးပြီး မျက်ရည်နဲ့နှာရည်တွေက သူမမျက်နှာပေါ်မှာ စီးကျနေကာ သူမအနေနဲ့ ဟွားချန်းချန်းကို ဘယ်တော့မှ နောက်တစ်ကြိမ် ထပ်မတွေ့ရတော့ဘူးဟု တွေးနေခဲ့သည်။
မထင်မှတ်ထားဘဲ ဟွားချန်းချန်းက နောက်တစ်နေ့မှာ လူတစ်ယောက်နဲ့စာပို့လိုက်ပြီး သူမဖုန်းယန်မြို့ကထွက်သွားပြီဖြစ်ကြောင်းနဲ့ မြို့ပြင်ကတည်းခိုခန်းတစ်ခုမှာ နေနေကြောင်းပြောပြထားသည်။အံ့ဩပျော်ရွှင်သွားစွာနဲ့ လုနျန်းက စာထဲမှာ လမ်းညွှန်ထားတဲ့အတိုင်း လိုက်သွားခဲ့သည်။သူတို့ရဲ့ အိတ်တွေနဲ့အတူ ရထားလုံးထဲမှာထိုင်ပြီး ဖုန်းယန်မြို့ကနေထွက်ကာ တည်းခိုခန်းရှိတဲ့ဆီသွားခဲ့သည်။
YOU ARE READING
Historical Fictionဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။ "ရှင်ကလူသတ်သမားလား" "မင်းကစုံစမ်းရေးအရာရှိလား" လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။ "ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပ...