Unicode
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 3ဖြစ်နိုင်တာက သူမရဲ့မျက်လုံးတွေက တအားကိုစူးစိုက်နေပြီး အတော်လေးစွဲမက်ဖွယ်ကောင်းနေကာ ထပ်ပြောရရင် သူမရဲ့နူးညံ့တဲ့ခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်နဲ့အတားအဆီးမရှိ ဖိကပ်ထားပြီး သူ့ရဲ့ခက်ခက်ခဲခဲထိန်းချုပ်ထားရတဲ့ အောက်ပိုင်းကအရာကို ထိန်းချုပ်မှု လွတ်ထွက်သွားစေသည်။အဲ့ဒီနေရာက တင်းမာလာတာကိုသူသတိထားမိတာနဲ့ သူကချက်ချင်းပဲ သူမကိုတွန်းထုတ်ပစ်လိုက်သည်။
"အား!"
ဟွားချန်းချန်းက အားနဲ့အတွန်းခံလိုက်ရပြီး မြေကြီးပေါ်မလဲကျခင် သစ်ပင်ပင်စည်နဲ့ရိုက်မိသွားသည်။နာသွားတဲ့ကျောကုန်းနဲ့တင်ပါးပေါ်ကို သူမလက်တွေနဲ့ပွတ်လိုက်ပြီး သူမက ငြီးတွားလိုက်သည်။
"ရှင်ဘာဖြစ်တာလဲ?ရှင်ကျွန်မကိုဖယ်ဖို့ပြောလို့ရပါတယ် ဘာလို့ကျွန်မကိုတွန်းထုတ်ရတာလဲ?လဲကျတာက အရမ်းနာတာပဲ!"
ဒါပေါ့ ဘယ်သူကမှသူမကိုပြန်မဖြေပေ။ဘာကြောင့်လဲဆိုတော့ တစ်ဖက်လူက ခြေရာလက်ရာမကျန်ပဲနဲ့ ပျောက်ကွယ်သွားပြီဖြစ်သည်။
တစ်ဖက်လူက အဝေးကိုအမြန်ထွက်သွားတာကြောင့် သွေးအေးတဲ့လူသတ်သမားကို စိတ်ကြွသွားစေမိတယ်ဆိုတာ ဟွားချန်းချန်းမသိလိုက်ပေ။သူမက သူမကံမကောင်းဘူးလို့မှတ်ယူပေမယ့် သူမရဲ့အလုပ်ကို ထိန်းထားနိုင်သေးတာကြောင့် ဒါကိုကပဲ သူမအတွက်အကြီးအကျယ်ကံကောင်းတာဖြစ်သည်။
မတ်တပ်ရပ်လိုက်ပြီး သူမရဲ့အဝတ်အစားတွေကို သေသပ်အောင်အရင်ပြင်လိုက်သည်။အဲ့ဒီနောက် သူမဝတ်စုံထဲကနေ မသက်မသာခံစားနေရတာကြောင့် သူမအဝတ်တွေအောက်မှာဝတ်ထားတဲ့ ဒိုင်းကာနဲ့ ဓားထိုးခံလိုက်ရတဲ့သွေးထုတ်ကို ဆွဲထုတ်လိုက်သည်။
အဲ့ဒီအချိန်တုန်းက သူမ ကျောက်စိမ်းမြေခွေးကိုဓားထိုးခံရတာကနေကာဖို့ ရှေ့မှာမတ်တပ်သွားရပ်လိုက်တဲ့အချိန်မှာ ဒီဒိုင်းကာကိုကျေးဇူးတင်ရမှာပဲဖြစ်သည်းဒါကြောင့်ပဲ အားပြင်းတဲ့ဓားချက်ကိုခုခံနိုင်ခဲ့တာဖြစ်ပြီး ဒီအချက်ကြောင့်ပဲ သူမက ကျောက်စိမ်းမြေခွေးကို သူမခန္ဓာကိုယ်ကိုသုံးပြီး ကာကွယ်ပေးခဲ့တာဖြစ်သည်။
YOU ARE READING
Historical Fictionဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။ "ရှင်ကလူသတ်သမားလား" "မင်းကစုံစမ်းရေးအရာရှိလား" လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။ "ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပ...