Chapter 10

225 12 0
                                    

Unicode

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 10

ဟွားချန်းချန်းကသူမခေါင်းကိုငုံ့ပြီး လည်ပင်းပေါ်ကဓားကိုကြည့်လိုက်သည်။သူမက အံ့ဩသွားသလို မလုပ်ပြသလို ကြောက်လန့်သလိုလည်းမပြပေ။အဲ့အစား ဓားကို သူမလမ်းပေါ်ရောက်နေတဲ့ပစ္စည်းလေးတစ်ခုလိုပဲ ဖယ်ထုတ်ပစ်လိုက်သည်။

"ကျွန်မရှင့်ကိုမေးချင်တာရှိတယ် ကျွန်မရှင့်ကိုတစ်ခုမေးချင်တာက......"

အဖယ်ခံလိုက်ရတဲ့ဓားက သူမလည်ပင်းပေါ်တစ်ဖန်ပြန်ရောက်လာပြီး ဓားရဲ့ချွန်ထက်တဲ့ဓားသွားက လရောင်အောက်မှာ သေမင်းတမန်ရောင်ခြည်ကဲ့သို့ပင်။

"မနှောင့်ယှက်နဲ့"

သူမက ဓားကိုနောက်တစ်ကြိမ်ထပ်ဖယ်လိုက်ပေမယ့် ဓားကသူမလည်ပင်းပေါ်ကို ထပ်ရောက်လာပြန်သည်။

တစ်ဖက်လူက သူမကို သတ်ချင်နေတယ်ဆိုတာ သိသာပေမယ့် သူမက မျက်ကွယ်ပြုထားလိုက်သည်။နောက်ထပ်တစ်ကြိမ် သူမက ဓားကို အတားအဆီးတစ်ခုလို မထီမဲ့မြင်ပြုပြီးတွန်းထုတ်လိုက်ပေမယ့် ယခုတစ်ကြိမ်မှာတော့ ထိုဟာကိုမရွေ့နိုင်ပေ။

ယဲ့ချင်းရဲ့အမူအရာကအေးစက်နေပြီး သူ့ရဲ့လူသတ်တော့မယ့်အရှိန်အဝါ သူက ကစားဖို့လာတာမဟုတ်ဘဲ သူမကို သတ်ဖို့လာတယ်ဆိုတာ ညွှန်ပြနေသည်။

သူမက ဓားကို အဝေးမတွန်းထုတ်နိုင်မှတော့ သူမက ရိုးရိုးရှင်းရှင်း အရှုံးပေးလိုက်ပြီး ရှေ့ဆက်တိုးကာ ဘာကိုမှ သတိမထားမိသလို ဟန်ဆောင်နေလိုက်သည်။

"ရှင်ကျွန်မပြောတာကြားလား?ကျွန်မ တကယ့်ကြီး ရှင့်ကိုလိုက်ရှာနေခဲ့တာ"

သူမက အန္တရာယ်ကို ဂရုစိုက်ပုံမရဘဲ သူမရဲ့ သွယ်လျတဲ့လည်ပင်းလေးကို ဓားနဲ့ထိမိပြီး ဒဏ်ရာရမှာကိုလည်း မစိုးရိမ်ပေ။ဆန့်ကျင်ဘက်အနေနဲ့ စိတ်လှုပ်ရှားနေတာသူပဲဖြစ်သည် ဘာကြောင့်လဲဆိုတော့ သူ့လက်ထဲကဓား ဘယ်လောက်ထက်လဲဆိုတာ သူကောင်းကောင်းနားလည်သည်။သူမရှေ့တိုးလာတာကို သူမြင်တဲ့အချိန်မှာပဲ ထိတ်လန့်သွားခဲ့ပြီး အမြန်နောက်ဆုတ်လိုက်ကာ သူ့ဓားနဲ့သူမကိုမခိုက်မိစေရန် ဓားကိုမကာဘေးချလိုက်သည်။

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်/ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်Where stories live. Discover now