Chapter 14

99 12 0
                                    

Unicode

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 14

ယဲ့ချင်းရဲ့အသက်ရှူနှုန်းတွေကမြန်လာပြီး အနည်းငယ်မတည်မငြိမ်ဖြစ်လာသည်။သူ့အောက်က ရမ္မက်ကြွနေတဲ့အရာက သူမညှစ်တာကြောင့် ယောင်ပြီးနာကျင်နေပြီဖြစ်သည်။ဟွားချန်းချန်းက သူ့အမူအရာကိုအမှောင်ထဲမှာ ရှင်းရှင်းလင်းလင်းမမြင်ရပေ ဒါပေမယ့် သူ့ရဲ့ ထိန်းချုပ်ထားတဲ့အသက်ရှူသံတွေကနေ သာယာမှုရောနာကျင်မှုရောခံစားနေရတယ်ဆို သိသည်။

သူမက ဒီနှိပ်တဲ့ပညာကို စာအုပ်တစ်အုပ်ကနေဖတ်ပြီး သင်ယူခဲ့တာဖြစ်ပြီး သူမကြိုက်တဲ့ယောကျာ်းနဲ့ကြိုးစားကြည့်ချင်တာ ကြာပြီဖြစ်သည်။အခု အခွင့်အရေးကနောက်ဆုံးတော့ရောက်လာပြီ။ထိုဟာမှာပြောထားတာက နှိပ်နည်းသာမှန်ရင် အမျိုးသားကအထွတ်အထိပ်ကိုရောက်သွားပြီး အဲ့ဒီကနေစပြီး ထိုအမျိုးသမီးကိုသူသေတဲ့အထိ ချစ်ခင်သစ္စာရှိသွားမှာဟုပြောသည်။ဒါပေမယ့် ထိုဟာက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မသိနိုင်ပေ။

ရုတ်တရက် ကမ္ဘာကြီးလည်သွားပြီး သတိပေးတာတောင်မရှိဘဲ သူမက ယဲ့ချင်းအောက်မှာအဖိခံလိုက်ရကာ သူကညီးလိုက်သည်။

"ရှင်ဘာလုပ်နေတာလဲ"

သူမက အပြစ်တင်လိုက်သည်။သူမ အပေါ်မှာနေမယ်လို့ သဘောတူထားတာကို ဒါပေမယ့် သူက သူမခွင့်ပြုချက်မရှိဘဲအပေါ်ရောက်လာတယ်!

အမှောင်ထဲမှာ သူ့အသက်ရှူသံက ကျယ်လောင်နေပြီး ယဲ့ချင်းရဲ့မျက်လုံးတွေကတောက်ပကာ ကြည့်ရတာကြောက်ဖို့ကောင်းတာကို သူမသတိပြုမိသွားသည်။သူမခန္ဓာကိုယ်က အလိုအလျောက်တောင့်တင်းသွားသည်။

ကြည့်ရတာ သူတစ်ခုခုတော့မှားနေပြီ!

ရုတ်တရက် ဟွားချန်းချန်းက သူ့မျက်လုံးတွေက တောထဲက မျက်လုံးစိမ်းနဲ့သားကောင်တွေလိုမျိုးဆင်တူတယ်လို့ခံစားလိုက်ရပြီး သူမခြေထောက်ကြားကို မာကြောတဲ့အရာတစ်ခုကလာထိနေတာကို ခံစားမိသည်။ဒီဖိနှိပ်ထားတာကြီးက သူမကို မကောင်းတဲ့ခံစားချက်ပေးနေတယ်........သူမကစားတာလွန်သွားပြီလား...?

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်/ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်Where stories live. Discover now