Unicode
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 11သူ့စိတ်က နောက်တစ်ကြိမ်ပျော့သွားပြန်ပြီး သူက အံကြိတ်လိုက်တယ်......ထားလိုက်တော့!
"ကောင်းပြီ အဲ့ဒါကငါတတ်နိုင်တာဖြစ်နေသရွေ့ ငါမင်းကိုကတိပေးမယ်"
သူမက သူ့ကိုကြည့်လိုက်ပြီး သူမ မသေခင် ပြောချင်တဲ့စကားကို တစ်လုံးချင်းသေချာပြောလိုက်သည်။
"ကျွန်မဆန္ဒကအရမ်းရိုးရှင်းပါတယ်။ကျွန်မ မသေခင် ရှင်နဲ့အတူ မိုးတိမ်တွေဖြတ်သန်း* ချင်တယ်"
(မိုးတိမ်ဖြတ်သန်းတယ်ဆိုတာ လိင်ဆက်ဆံတာကိုပြောတာပါ)
ယဲ့ချင်းခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သူက သူမကို မယုံနိုင်စွာကြည့်လိုက်သည်။
"မင်းဘာပြောလိုက်တာလဲ?"
မိုးတိမ်တွေအတူတူဖြတ်သန်းချင်တာလား?သူမက အဲ့ဒါကို သူနဲ့လုပ်ချင်............
"ချန်းချန်းက အခုထိအပျိုစင်ပဲရှိသေးတယ်။ပြီးတော့ ဘဝမှာအကြီးမားဆုံးဆန္ဒက ကိုယ်ချစ်ရတဲ့သူရဲ့လက်ထဲမှာသေသွားဖို့ပဲ ဒါကြောင့် ကျွန်မကိုရှင့်လက်ထဲထွေးပွေ့ထားပေး။ကျွန်မရှင့်ကို ကျွန်မရဲ့တန်ဖိုးအရှိဆုံးသွေးဖြစ်တဲ့ အပျိုစင်သွေးကိုပေးချင်တယ်"
ဟွားချန်းချန်းက အလွန်သိမ်မွေ့စွာပြောလိုက်ပြီး သူမအသံကအတော်လေးနူးညံ့နေကာ ဆွဲဆောင်မှုရှိနေသည်။
ပြတင်းပေါက်အပြင်ဘက်မှာ မိုးခြိမ်းသံတွေ တဟုန်ထိုးမြည်နေပြီး ယဲ့ချင်းရဲ့နှလုံးသားကလည်း မိုးခြိမ်းသံတွေရယ် တဖြတ်ဖြတ်လက်နေတဲ့လျှပ်စီးတွေနဲ့ အပြိုင် အပြင်းအထန်ခုန်ပေါက်နေသည်။ဒီလို မကွယ်ဝှက်ဘဲဝန်ခံလိုက်တာက သူ့ကိုအံ့ဩသွားစေပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားစေသည်။
သူက သူမလက်ကို ရေနွေးပူလောင်သလို လွှတ်ပေးလိုက်ပြီး
"စနောက်မနေနဲ့!"
"မိန်းမတစ်ယောက်ရဲ့အပျိုစင်လေ ဒီလိုကိစ္စမျိုးကစနောက်စရာလား?ချန်းချန်းကအခုထိအပျိုစင်ပဲရှိသေးပြီး ရှင်က ကျွန်မ မသေခင် ကျွန်မဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့ သဘောတူထားတယ်လေ။ချန်းချန်းရဲ့ခန္ဓာကိုယ်ကို ချင်းလန်*ကိုပေးဖို့ ဆန္ဒရှိတယ်"

STAI LEGGENDO
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်(✅)
Narrativa Storicaဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။ "ရှင်ကလူသတ်သမားလား" "မင်းကစုံစမ်းရေးအရာရှိလား" လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။ "ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပ...