Unicode
ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 6သေရက်ခွက်နဲ့ဂုဏ်ပြုပြီးတဲ့နောက်မှာတော့ ဟွားချန်းချန်းက စင်နောက်ကိုသွားကာ အဝတ်အစားလဲပြီး အဲ့ဒီနောက် သူမက တစ်ကိုယ်တော်ဖျော်ဖြေမှုပြုလုပ်ခဲ့သည်။တစ်ကိုယ်တော်ကပြတာပြီးတဲ့နောက်မှာတော့ သူမက အပြာဖျော့ဖျော့ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး ပရိတ်သတ်ကိုကျေးဇူးတင်ဖို့ထွက်လာကာ သူတို့နဲ့သေရက်သောက်ကာ တစ်ယောက်ချင်းဆီ ဆုတောင်းမင်္ဂလာပြုခဲ့သည်။
သူမက နာမည်ကြီး ကချေသည်တစ်ဦးဖြစ်တာကြောင့် သခင်အုပ်ချုပ်ရေးမှူးဆီကနေ ထိုင်ခုံတစ်ခုံအပေးခံထားရသည်။ပွဲအခမ်းအနားမှာ တစ်ချို့အရာရှိတွေက သူမရဲ့ပုံမှန်ဖောက်သည်တွေဖြစ်ပြီး သူမက သေရက်သောက်ကာ ဧည့်သည်တွေနဲ့ လက်ဆုံစကားပြောသည်။တစ်ချိန်ထဲမှာပဲ သူတို့ရဲ့စကားဝိုင်းကို ဂရုတစိုက်နားထောင်ပြီး သူတို့ထဲမှာ လူစိမ်းမျက်နှာသစ်အချို့ပါတယ်ဆိုတာ သတိထားမိသွားသည်။ ထပ်မံလေ့လာပြီးတဲ့နောက်မှာတော့ သူတို့က ကျန်းနန်ကဆိုတာသူမသိသွားပြီး သူတို့ထဲကတစ်ချို့က လင်ဝမ်အကြောင်းကိုတောင်ပြောကြသေးသည်။
ဟွားချန်းချန်းက သေချာသတိထားပြီးနားထောင်လိုက်သည်။လင်ဝမ်အကြောင်းပြောတဲ့အခါမှာ သူတို့ရဲ့ သူမရဲ့ အာရုံစူးစိုက်မှုက ထိုလူတွေရဲ့ သဘောထားကြောင့် အသုံးမဝင်ပေ။သူတို့ပြောတဲ့ အကြောင်းအရာများသည် အရေးမပါပေ။
လင်ဝမ်ကိုထောက်ခံတဲ့လူ၊လင်ဝမ်လုပ်ကြံခံရတာကိုပျော်တဲ့လူ၊စိုးရိမ်ချင်ယောင်ဆောင်ပေမယ့် တကယ်တမ်းတော့ တိတ်တိတ်လေးကြိတ်ပျော်နေတဲ့လူ ပြီးတော့ နှုတ်ဆိတ်နေတဲ့လူ........သူတို့အားလုံးက သူမသီးသန့် စုံစမ်းချင်တဲ့လူများသာဖြစ်သည်။
ရုတ်တရက် သူမကို စိုက်ကြည့်နေတယ်လို့ခံစားရတာကြောင့် သူမခေါင်းကို ဟိုကြည့်ဒီကြည့်လုပ်လိုက်ပြီး မျက်လုံးတစ်စုံနဲ့တိုက်ရိုက်အကြည့်ချင်းဆုံသွားသည်။
သူမက အဲ့ဒီ ချောမောတဲ့ ရှောင်ကွမ်းက သူမကိုကြည့်နေတာကြောင့် အံ့အားသင့်သွားသည်။ယဉ်ကျေးမှုကိုပြတဲ့အနေနဲ့ သူမက ပြုံးပြလိုက်ပြီး အဲ့ဒီနောက် သူ့ဘက်ကိုကြည့်ကာ သေရည်ခွက်ကိုင်ထားတဲ့ သူမလက်ကိုအသာလေးမြှောက်လိုက်သည်။
YOU ARE READING
Historical Fictionဟွားချန်းချန်းအနေနေနဲ့ယဲ့ချင်းကိုပထမဆုံးအကြိမ်တွေ့တုန်းကဒေါသထွက်နေခဲ့တယ်။ "ရှင်ကလူသတ်သမားလား" "မင်းကစုံစမ်းရေးအရာရှိလား" လူသတ်သမားတစ်ယောက်ကအရာရှိတစ်ယောက်နဲ့တွေ့သွားတယ်။ "ကျွန်မသူ့ကိုအရင်ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ် ပြီးမှရှင်ကသူ့ကိုအခွင့်အရေးရှာပ...