Chapter 2

291 23 0
                                    

Unicode

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်:
Chapter 2

ယဲ့ချင်းကအံ့ဩသွားခဲ့သည်။သူမ သူ့ရှေ့ကိုအမြန်ရောက်လာပြီး တားမယ်လို့မမျော်လင့်ထားခဲ့ပေ။ဒါပေမယ့် အရမ်းနှေးလွန်းသည်။ဓားက သူမရဲ့ဘယ်ဘက်ရင်အုံကိုထိသွားပြီး သွေးထွက်ဒဏ်ရာဖြစ်စေကာ အနီရောင်သွေးတွေက သူမရဲ့ ပြာဖျော့ဖျော့အဝတ်အစားပေါ်ပျံ့နှံ့လာခဲ့ပြီး ပန်းနီတစ်ပွင့်ပွင့်ဖူးလာတာနဲ့တူသည်။

ပန်းနီလေးကိုစိုက်ကြည့်နေရင်း သူရဲ့မျက်ခုံးတွေကို တွန့်ချိုးလိုက်ကာ သူ့ရဲ့မျက်နှာက ဒေါသထွက်လာခဲ့သည်။

"မင်းဘာလို့သူ့ကိုကယ်တာလဲ"

သူနားမလည်ဘူး။သူမက တစ်လျှောက်လုံး ကျောက်စိမ်းမြေခွေးဆီက‌နေလွှတ်အောင်ကြိုးစားနေပြီးတော့ ကျောက်စိမ်းမြေခွေးပေါ်မှာဘာခံစားချက်မှမရှိဘူးဆိုတာသူမြင်ရတယ်။ကျောက်စိမ်းမြေခွေးသူမကိုထိတွေ့ဖို့ကြံတဲ့အချိန်မှာ သူကချက်ချင်းပဲ ဝင်တားလိုက်တာလေ။ပုံမှန်ဆိုရင် ကျောက်စိမ်းမြေခွေးသူ့ဓားအောက်မှာသေသွားတာကိုသူမပျော်နေရမှာမဟုတ်ဘူးလား။ဒါပေမယ့် သူမက အဲ့ယောကျာ်းကိုတမင်သပ်သပ်ကယ်လိမ့်မယ်လို့သူမထင်ထားခဲ့ဘူး။ပြီးတော့ သူမခန္ဓာကိုယ်ကိုတောင်ဒိုင်းလိုသုံးပြီး ကာပေးလိုက်သေးတယ်။သူသာအချိန်မှီမရပ်လိုက်ရင် သူ့ဓားက သူမရင်ဘတ်ကိုထိုးဖောက်သွားပြီး သေရင်သေ မသေရင် ဒဏ်ရာအကြီးအကျယ်ရမှာဖြစ်သည်။

"ကျွန်မသူ့ကိုကယ်နေတာမဟုတ်ဘူး ဒါပေမယ့် သူအခုသေလို့မရသေးဘူး......အိုက်ယား..နာလိုက်တာသေမတတ်ပဲ!ရှင်ဘာလို့ဒီလောက်စိတ်မရှည်ရတာလဲ?ရှင်ကျွန်မပြောတာနားထောင်ပြီး ကျွန်မကိုအရင်စကားပေးပြောလို့မရဘူးလား?"

ဟွားချန်းချန်းက သူမရင်ဘတ်ပေါ်ကဒဏ်ရာကိုလက်နဲ့ဖိထားရင်း ညီးတွားလိုက်သည်။

သူမငြီးငြူပြောနေတဲ့အချိန်မှာ သူမရဲ့အပြုအမူက လေထုထဲက လူသတ်ငွေ့ကိုလျော့ကျသွားစေသည်။ထပ်ပြောရရင် သူမအသံကနူးညံ့ပြီးတော့ သာယာနာပျော်ဖွယ်ရှိတာကြောင့် သူမက သူ့ကိုဆူပူကြိမ်းမောင်းနေတယ်ဆိုရင်တောင်မှ အဲ့ဒါက သူမကသူ့ကိုတိုင်တန်းနေသယောင်နဲ့တူသည်။သူမရဲ့ရင်ဘတ်ပေါ်က သွေးစွန်းနေတဲ့အနီရောင်တွေက ဖူးသစ်စပန်းပွင့်နဲ့တူပြီး သူမရဲ့ နူးညံ့ပြီးတော့လှပတဲ့အသွင်အပြင်ကိုမြှင့်တင်ပေးထားသည်။သူမရဲ့မျက်မှောင်ကြုံ့ပြီး ဒေါသထွက်နေတဲ့ပုံစံက နှစ်လိုဖွယ်ကောင်းပြီး လူတွေကအမြဲတမ်းဒါကို အရမ်းဆွဲဆောင်မှုရှိတယ်လို့ပဲမြင်ကြသည်။

ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်/ဒီလူသတ်သမားကလှည့်ဖြားဖို့လွယ်ကူတယ်Where stories live. Discover now