ခန့်ညား နဲ့ သူ့မိဘတွေနဲ့ တိုက်ပွဲက နှစ်ရက်လောက်ကို ကြာသည်။ အိမ်ကလဲ နေ့လယ်တွေ သွားနေပေမယ့် ညအိပ်လွှတ်ဖို့ကြစိတ်မချပေ။
ခန့်ညားကလဲ သူ့အဒေါ်အိမ်ဘာမှမဖြစ်ဘူးဆိုပြီးသွားအိပ်ချင်တာခန့်ညား နှစ်ရက်လောက် ထမင်းမစားဘဲ ဆန္ဒပြလိုက်တာ မေမေရော ဖေဖရော သူ့ကို အရှုံးပေးရသည်။ရှေ့ရက်တွေက မောင်မောင်ကလဲ သူပျော်အောင်ဆိုပြီးအမျိုးမျိုးလုပ်ပေး gameတွေလဲ တူဆော့ပေး ထမင်းမစားဘူးဆိုတော့လဲ ခန့်ညား ကြိုက်တတ်တဲ့မုန့်တွေလာပို့ပေးသည်။
လင်းခေတ်ကလဲ လိုင်းပေါ်ကနေ ထမင်းစားဖို့
အိမ်ကိုလဲ အဆိုးမမြင်ဖို့ ခန့်ညားမိဘတွေကညစိတ်ပူလို့ သွားမအိပ်ခိုင်းတဲ့အကြောင်းတွေလဲ ကပြောရှာသည်။ ခန့်ညားက မေမေတို့အပေါ် မကောင်းမြင်သွားမှာ စိုးရိမ်နေပုံရပါသည်။
သူကလဲ ထမင်းမစားချင် သူကျူရှင်လာရင်မုန့်ယူလာပေးရမလား ဆိုပြီးလဲ မေးရတာအမော
အိမ်နဲ့ရော အဆင်ပြေပြီလားမေးတာလဲ နေ့တိုင်းဘဲလွန်းကတော့ လိုင်းပေါ်မှာ စကားသိပ်မပြောဖြစ်တာကြောင့်ဘာမှမပြောဖြစ်
တည်စေကလဲ လင်းခေတ်စီကနေသိပြီး သူ့ကိုလာမေးရှာပါသည်။
အိမ်ကမဂျော့ကလဲ သူထမင်းစားဖို့ကို အမျိုးမျိုးချော့ပြောပေးသည်။အခုတော့ သူလဲထမင်းပြန်စားပြီ ။ရှေ့ရက်ကဘထမင်းမစားလို့ ဖေဖေ ငေါက်တာလဲ ခံရသေးသည်။ ဖေဖေကရိုက်ဖို့ပါကြိုးစားပေမယ့် မဂျော့ကတားလာတာကြောင့် မရိုက်မိလိုက်ပါ
ဖေဖေ နဲ့က စာသင်ရင်နဲ့အဆင်ပြေသွားသည်။
မေမေကလဲ ဒီထက်သု့အပေါ်စိတ်မမာနိုင်ပါ
ဒီနေ့ စာသင်ပြီးရင် သံလာဝတီလိုက်ပို့မယ်ပေြာထားသည်။ခန့်ညား အခုစာသင်ပြီးပြီ။
"မေမေ သွားမယ် ဟိုအိမ်သွားမယ်"
"အေးပါအေ..လိုက်ပို့ပါ့မယ်ဟဲ့ တကယ်ထဲ
အဲ့အိမ်ကို ဘာကြောင့်အတင်းသွားချင်မှန်းကိုမသိဘူး""ဟီးဟီး "
ခန့်ညားမေမေ့ကို သွားဖြီးပြလိုက်ရုံသာတတ်နိုင်ပါသည်။

YOU ARE READING
မောင့်အချစ်ဦး
RomanceMain couple နှစ်ယောက်လုံးက အသက်အရွယ်အရမ်းငယ်ပါတယ်နော် ငယ်ပေမယ့် ကိုယ်က roတဲ့ အခန်းတွေလဲ ထည့်မှာပါ အသက်အရွယ် ကို sensitive ဖြစ်တယ်ဆိုရင် မဖတ်ဖို့ပြောချင်တယ်ပါတယ်နော်