ရှားယောင်၏ကိုယ်ပိုင်အသိစိတ်နိုးထလာတဲ့အချိန်တွင် သူမသည် စာရေးဆရာတစ်ယောက်မှ ဖန်တီးထားသည့် ရက်စက်ပြီးကြောက်စရာကောင်းကာ အသိညဏ်မဲ့သော အမျိုးသမီးဇာတ်ကောင်တစ်ယောက်ဖြစ်နေသည်ကို သိလိုက်ရသည်။
ဝတ္ထု၏ဇာတ်လိုက်သည်တော့ ရှားယောင်ပျောက်သွားပြီးနောက် မွေးစားခံလိုက်ရသည့် နူးညံ့၊ ကြင်နာတတ်ပြီး ညှာတာမှုရှိတဲ့ မွေးစားသမီးတစ်ယောက်ဖြစ်သည်။ ပျောက်ဆုံးနေသည်မှာ ဆယ်စုနှစ်တစ်ခုတိုင်ကြာသွားပြီးနောက် သမီးအစစ်သည် သူမ၏မိသားစုထံသို့ပြန်ရောက်လာခဲ့သည်။ သို့သော် သူမစိတ်ကူးယဉ်ခဲ့သည်နှင့် မတူပဲ သူမ၏မိဘများသည် အိမ်တွင်ရှိမနေကာ အကိုသည်လည်း သမီးအတုကိုသာ သဘောကျပြီး ရှားယောင်ကို လျစ်လျူရှုနေခဲ့သည်။
ဝတ္ထုထဲတွင် သမီးအစစ်သည် မနာလိုကာ ရူးသွပ်နေစဉ်တွင် လူတိုင်းသည် သမီးအတုကို သဘောကျကြပြီး အမျိုးသားငယ်လေး သုံးယောက်သည်ပင် သူမကို နှစ်သက်နေကြသည်။ သမီးအတုကို အန္တရာယ်ပြုရန်စေခိုင်းခဲ့သော်လည်း သူမသည်သာ သေဆုံးခဲ့ရသည်။
အခုတော့ -------
ရှားယောင် - နောက်ဆုံးတော့ IQ က အွန်လိုင်းပေါ်တတ်လာပြီ။ နှုတ်ဆက်ပါတယ် ခွေးလိုအဓိကဇာတ်ကောင်တွေရေ၊ ငါကစာပဲလုပ်ချင်တာ
တစ်နေ့တွင် သူမရဲ့ အစ်မအတုကို သန့်စင်ခန်းထဲကို ခေါ်သွားကာ ကြမ်းတမ်းစွာပြုမူနေခဲ့သည်။
သတင်းကိုကြားလိုက်တာနဲ့ သမီးအတုရဲ့ အမျိုးသားကောင်းသုံးယောက်တို့သည် အမြန်အပြေးအလွှားရောက်လာကြတော့သည်။ သူတို့သည် တံခါးကိုကန်ကာဖွင့်လိုက်ကြသည်။
အကုန်လုံးကအမှားတွေချည်းပဲ။ နင်က နင့်ရဲ့ မိဘတွေနဲ့ ဆရာတွေရဲ့ ဂရုတစိုက်သင်ပေးတဲ့ ပညာတွေရဖို့ တန်လို့လား?
အမျိုးသမီးလေး ဘေစင်ပေါ်တွင် ထိုင်နေတာကာ မှန်ကိုသူမလက်ဖြင့်ရိုက်ခွဲလိုက်ပြီး သူမ၏မျက်နှာတွင် ပြင်းထန်သည့်အမူအရာရှိနေသည်ကို သူတို့မြင်လိုက်ရသည်။
သူမဘေးပတ်လည်တွင် သင်္ချာဖော်မြူလာကို မှန်တစ်ခုလုံးတွင် ချရေးထားလေသည်။
YOU ARE READING
ဖယ်စမ်း ! ငါစာလုပ်နေတယ် (ဘာသာပြန်)
Teen Fictionဝတ္ထုထဲတွင် သမီးအစစ်သည် မနာလိုကာ ရူးသွပ်နေစဉ်တွင် လူတိုင်းသည် သမီးအတုကို သဘောကျကြပြီး အမျိုးသားငယ်လေး သုံးယောက်သည်ပင် သူမကို နှစ်သက်နေကြသည်။ သမီးအတုကို အန္တရာယ်ပြုရန်စေခိုင်းခဲ့သော်လည်း သူမသည်သာ သေဆုံးခဲ့ရသည်။ အခုတော့ ------- ရှားယောင် - နောက်ဆုံ...