Chapter 19

201 21 1
                                    

"ရှားယောင် နင်ကြည့်နေတာတွေက အရင်ကပွဲအဟောင်းတွေလေ"

"ဒါနဲ့ နင့်ကို မကောင်းပြောထားတဲ့ ပိုစ်တွေအကုန် ငါဖြတ်လိုက်ပြီ။ ငါ့ဖိုရမ်ကို မြူတွေထူနေတာ လက်မခံနိုင်စရာပဲ"

sweet girl သည် သူမဖုန်းကို ပွတ်နေပြီး ပိုစ်တစ်ခုကို ဖွင့်လိုက်သည် "ဒါပဲ ။ နင်ကြည့်ကြည့် ။ ကြည့်လိုက်စမ်းပါ။ အရင်နတ်ဘုရားနဲ့ နတ်ဘုရားမက ထူးဆန်းလွန်းတယ်"

ရှားယောင်ကြည့်လိုက်ရာ ပိုစ်ဖြတ်လိုက်သည်ကို မြင်လိုက်သည်။

---ရှားယောင်က လူကောင်းလို့ ဘယ်သူမှမထင်ကြဘူးမလား?

----ရှားယောင် ကျီဟွိုက်ကို နှောင့်ယှက်နေတာလို့ မထင်တဲ့သူမရှိကြဘူးမလား?

----ရှားယောင်စာလုပ်တယ်လို့ မထင်ကြဘူးမလား?

"ဘယ်သူက နင့်ကို အပုပ်ချနေတာလဲငါတကယ်ကို မသိတော့ဘူး" sweet girl သည် ဖုန်းပြန်ယူကာ "ဒီအကြောင်းမပြောနဲ့တော့ ငါ့ဖိုရမ်ကို လွှတ်ထားပေးပါ။ စာမေးပွဲ အဆင့်က သဘက်ခါဆို ထွက်တော့မှာ။ သီချင်းသွားဆိုရအောင် ။ ငါတို့ အတူတူမဆော့ရတာကြာနေပြီ။"

နှစ်ဝက်စာမေးပွဲသည် အတန်း၏အဆင့်သတ်မှတ်ချက်နှင့် ဆက်စပ်နေသည်။ ဒီလိုဝတ္ထုထဲတွင် အရန်တစ်ယောက်အနေနဲ့ အပြည့်အဝသရုပ်ဆောင်ဖို့အတွက် သူမအသားကုန်ကြိုးစားရမည်ဖြစ်သည်။ ဇာတ်လိုက်မသည် မိဘများကို တိုက်ခန်းတစ်ခန်း ဝယ်ပေးရန်ပြောခဲ့သည်။

အခုတော့ မတူတော့ပီ ။ ရှားယောင်သည် သူမမိဘများကို ပိုက်ဆံစုရန် ကူညီမည်ဖြစ်သည်

စာမေးပွဲပြီးနောက် သုံးရက်မြောက်နေ့တွင် ဝင်စတန်နိုဘယ်အထက်တန်းကျောင်းတွင် အဖြေလွှာများကို ညလုံးပေါက် စစ်ဆေးပြီးဖြစ်သည်။ သို့သော် ကွန်ပြူတာထဲသို့ နောက်ဆုံးအမှတ်များကို သွင်းရမည်ဖြစ်သည်။

ရှားယောင်သည် ဒီစာမေးပွဲအတွက် အလွန်သေချာနေသည်။ လက်တလော သူမသိပ္ပံမေးခွန်းများကို လေ့လာနေခဲ့သည်။ သူမလက်ရေးလက်သားသည်လည်း ကောင်းမွန်နေသည်။ သူမရဲ့ အတွေးအခေါ်သည်လည်း အရမ်းအဆင်ပြေကာ သူမခက်ခဲသည့်အချက်များကို မမေ့ခဲ့ပေ။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now