Chapter 23-2

146 15 0
                                    

အတန်းသည် ငြိမ်သက်နေပြီး ကျူးကျော်လာသူ၏နောက်ခြေလှမ်းကို စောင့်နေကြသည်။

ဘန်းကနဲမြည်သံနှင့်အတူ စားပွဲခုံသည် လှုပ်ရမ်းလာကာ စားပွဲပေါ်မှ စာအုပ်တစ်ချို့ ပြုတ်ကျသွားတော့သည်။

ရှားယောင်သည် လွယ်အိတ်ကို စားပွဲပေါ်သို့ တင်လိုက်တာဖြစ်သည်။

"ရှားယောင် နင် . ..."မိန်းကလေးသည် နှုတ်ခမ်းကို ကိုက်ကာ နောက်ဆုတ်သွားတော့သည်။

သူမရဲ့ ရောင်ဝါက ကြောက်ဖို့ကောင်းလွန်းတယ်။

"ငါဒီမှာထိုင်မယ် " ရှားယောင်က မျက်လုံးပင့်လိုက်ကာ ထိုမိန်းကလေးကို ကြည့်လိုက်သည်။

"ရှားယောင် နင် လွန်မလာနဲ့ " ရှားရှီလည်း မတတ်နိုင်တော့ပေ။ ရှားယောင် အတန်းထဲတွင် ပေါ်လာသည်နှင့် သူမသည် အတားဆီးခံလိုက်ရသလိုပင် အထူးသဖြင့် ယခုကဲသို့ စကားပြောရာတွင် ဖြစ်သည်။

"ငါက လွန်တယ်။ ဟုတ်တာပေါ့ ငါကလွန်တာပေါ့ ရှားယောင် ရယ်လိုက်ပြန်သည် ဒါပေမဲ့ နင့်ထက်တော့ ဘယ်သာမလဲ ? ကိုယ့်ညီမကို စာမေးပွဲမှာ ခိုးချတယ်လို့ တခြားသူတွေကို ဦးဆောာင်ပြီးပြောဖို့ အဆင်မပြေဘူး ။ ပြီးတော့ တခြားသူတွေကို အစားအပူတ်ချခိုင်းမှာမဟုတ်ဘူး။"

မိန်းကလေးများသည် ရုတ်တရက် အစားပစ်လိုက်ရသည်ကို သတိထားမိသွားသည် သူမသည်သာ ခိုးချသည် ပြီ‌တော့ အဖြေခိုးသည်ဟု ပြောခဲ့သူဖြစ်သည်။

ရှားရှီမျက်နှာသည် ပြာတလှည့် ဖြူတစ်လှည့် ဖြစ်နေတော့သည်။

သို့ပေမဲ့ သူမစိတ်လျှော့ကာ "ရှားယောင် နင်က နောက်ဆုံးပိတ်တစ်ယောက် ဖြစ်နေကျလေ ။ နင်ရုတ်တရက်ကြီး ပထမနေရာရသွားတော့ နင့်ကို သံသယဝင်တာဖြစ်သင့်တာပဲလေ။ ညီမလေးကို ခိုးချပြီး ပထမနေရာရသွားတာကို မလိုချင်ရုံပါ"

လူတိုင်းသည် ရှားရှီစကားများသည် မှားနေသည်ဟု မထင်ကြပေ။ ဒါပေမဲ့ အခုတော့ ရှားယောင်စကားများကို ကြားပြီးနောက် သူတို့သတိထားမိလာကြသည်။ ခိုးချခြင်းဖြစ်လောက်သည်ဆိုသော ရှားရှီရဲ့ နောက်ဆုံးစကားများသည် အရိပ်အမြွတ်ပေးနေခြင်းဖြစ်သည်။ ထိုစကားသည် ပြဿနာ၏အရင်းအမြစ်ဖြစ်သည်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now