Chapter 20

208 18 2
                                    

ဆရာသည် စိတ်လှုပ်ရှားနေပြီး မျက်နှာကလဲ ပို၍ပင် နီလာတော့သည်။

တစ်တန်းလုံး အေးခဲနေကြပြီး ဆရာကိုကြည့်နေကြသည်။

"မဟုတ်ဘူး။ မဟုတ်ဘူး။ သူတို့နားတွေတစ်ခုခုဖြစ်သွားတာမလား? ရှားယောင်က အတန်းရဲ အောက်ဆုံးမှာပဲ အမြဲရှိနေတာလေ။ သင်္ချာမှာတောင် ဂဏန်းတစ်လုံးပဲ ရတာလေ။ ပြီးတော့ ရှုရှီကျိုး သူစာမေးပွဲတောင် ဘယ်လိုဖြေရတာတုန်း မသိတဲ့သူလေ။"

"တစ်တန်းလုံး မှာ အမှတ်ပြည့်ရတာလူနည်းနည်းပဲရှိတယ်။ မမျှော်လင့်ပေမဲ့ ငါတို့အတန်းမှာနှစ်ယောက်ရှိနေတယ်။ ဟားဟားဟား "ဆရာ သည်စင်ပေါ်တွင်အသံကျယ်လောင်စွာ ရယ်နေတော့သည်။

သူမရဲ့ သင်္ချာရမှတ်ကိုကြားကာ ရှာယောင်တစ်ယောက် စိတ်လှုပ်ရှားကာ စိတ်အေးသွားတော့သည်။

သူမတစ်ခုခုကို တွေးလိုက်ကာ နောက်လှည့်ကြည့်လိုက်သည်။

ဆယ်ကျော်သက်လေးသည် စားပွဲပေါ်တွင် အိပ်နေပြီး ရုတ်တရက် ခေါင်းထောင်လာတော့သည်။ ဆရာခေါ်သည့်အသံကို ကြားလိုက်ပုံရသည်။ သူ့မျက်လုံးများသည် အိပ်ချင်မူးထူးဖြစ်နေသည်။ သူမျက်လုံးဖွင့်လိုက်သည်နှင့် သူ့ရဲ့ အရှေ့ခုံက သူကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထက်မြတ်လွန်းစွာ ပဲ နိုးထလာလေသည်။

"ရှားယောင် ဘာဖြစ်လို့လဲ? "သူ့ရဲ မျက်လုံးတွေနဲ့ သူမကို ကြည့်ကာ မေးလိုက်တယ်။

"ဂုဏ်ပြုပါတယ် "ရှားယောင်က ပြုံးလိုက်ပြီး သင်္ချာမှာ အမှတ်ပြည့်ရတယ်

သူမအလွန်ပျော်နေခဲ့သည်။ ရှုရှိကျိုးကို ဂုဏ်ပြုလိုက်တာက သူမကိုယ်သူမ ဂုဏ်ပြုလိုက်တာနဲ့ အတူတူပဲလေ ဟီးဟီး

ကောင်လေးရဲ့ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။ "မင်းရဲ့ သခင်လေးက ဘယ်လောက်တော်လဲဆိုတာ သိပြီလား"

ရှားယောင်က ပြုံးနေကာ ဘာမှပြန်မပြောပေ။

"လက်ခုပ်တီးကြလေ။ မင်းတို့ဘာကြောင်ကြည့်နေကြတာလဲ? သူတို့နှစ်ယောက်က ငါတို့အတန်းမှာ သင်္ချာကို အမှတ်ပြည့်ရအောင်လုပ်ပေးခဲ့ကြတယ်။ သူတို့က မင်းတို့ဘေးမှာပဲ ရှိနေတာလေ။ လှုပ်ရှားကြတော့ "ဆရာသည် လက်ခုပ်တီးရန် ဦးဆောင်ကာ တိုက်တွန်းနေခဲ့သည်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now