Beside you 1

380 22 2
                                    

အချစ်ကိုကြောက်လို့ရှောင်ပုန်းကာမှ ရေစက်လှလှလေးတစ်ခုနဲ့ တည့်တည့်တိုးရတယ်

အမြတ်တနိုးသိမ်းထားချင်မိတဲ့ ချယ်ရီပန်းကလေးတွေလိုမျိုး ကိုယ်တန်ဖိုးထားရတဲ့သက်ရှိကလေးဟာမင်းပဲဖြစ်လိမ့်မယ်

ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ရင်အယုံအကြည်နည်းလွန်းတဲ့ကိုယ်က မင်းကိုတော့ချစ်မေတ္တာတွေပုံအောပေးခဲ့မိတယ်

မင်းကကိုယ်မြတ်နိုးယုံကြည်ရတဲ့အသက်ဓာတ်လေး
ကိုယ့်ရဲ့ပျော်ရွှင်ခြင်းလေး

မင်းရဲ့မျက်ဝန်း‌နက်တွေဆီက သင်ယူခဲ့ရတဲ့ ချစ်ခြင်းတရားတွေနားလည်လာပြီးတဲ့နောက် ကိုယ်မင်းကိုရူးမတတ်ဖြစ်ခဲ့ရတော့ပဲ

မေတ္တာတရားနဲ့ထုပ်ပိုးမိတဲ့အရာတိုင်းက လှပတယ်ဆိုတာကိုယ်သိသွားခဲ့ပြီ

ချစ်တယ်ကလေးရယ် ကဗျာမဆန်တတ်တဲ့ကိုယ့်အတွက် မင်းကတစ်ခုတည်းသော
ကိုယ့်ရဲ့ကဗျာလေးပါပဲ..............

~~~~~~~~~~~~~~~~~~~~~~~~~

" မေမေ့ ဘေးအိမ်ကိုလူသစ်တွေပြောင်းလာတာထင်တယ် "

ဆူအောင့်အောင့်နှင့်ပြောလာသောသားဖြစ်သူအား နှာဖျားလေးကိုညှစ်ဆွဲလိုက်ရင်း...

" ပြောင်းလာတော့ဘာဖြစ်လဲကလေးရဲ့မပျော်ဘူးလား "

" အဲ့တာဆို သူ့ခြံထဲကအသီးတွေသွားစားလို့မရတော့ဘူးပေါ့ "

" ဟော... ခွင့်တောင်းပြီးခူးစားပေါ့သားရယ် သူကသဘောကောင်းမှာပါ "

မေမေကမြင်တောင်မမြင်ဖူးတဲ့ ဘေးအိမ်ကအိမ်ရှင်အသစ်ကိုသဘောကောင်းမယ်လို့တောင်ထင်နေသေးတယ်။လူတိုင်းကို သူ့လိုပဲထင်နေသလားမသိ။

" ရှေ့နေ‌လေးတဲ့လေ တစ်ယောက်တည်းထင်တယ်၊ မေမေလည်းမနက်ကဈေးဝယ်တွေပြောလို့သိတာ "

" ရှေ့နေဆိုတော့လည်း ရှေ့နေ့ပေါ့ "

ဟိုကခုနေ့မှပြောင်းလာတယ် သူတို့ကအလုပ်အကိုင်ကအစသိနေကြပြီ။ဆွန်းဟန်ခေါင်းခါရင်း မေမေ့ကိုသာနှိပ်ပေးနေလိုက်သည်။

တနင်္ဂနွေနေ့လည်းဖြစ် ညနေပိုင်းလည်း မေမေက ဆိုင်ပိတ်ထားတာ‌မို့ ညနေခင်း ရပ်ကွက်ထဲကကလေးတွေနဲ့ဘေးအိမ်ဘေးကခြံအလွတ်မှာသွားဆော့မလို့ပါဆို။

Beside You Where stories live. Discover now