" မင်းကွာဒုံးဝေးလိုက်တာ ဘယ်သူရှိဦးမှာလား ငါ့ကိုဆေးလိမ်းပေးတဲ့တစ်ယောက် "
" ဆေး... ဘယ်သူလိမ်းပေးတာလဲ "
နာမည်မပြောရုံတမယ်အကုန်ဖော်ပြနေတာတောင် အမှန်ကိုအဝေးနှင်လွှတ်နေသောစစ်ရိပ်အား ဘေးနားရှိတာနဲ့သာ ကောက်ထုပစ်ချင်စိတ်တွေပေါက်လာခဲ့သည်။
" လီးတောင်မပြောဘူးဟျောင့် ငါလိုးမသား နာရတဲ့ထဲ မင်းကလာအနေတယ် "
" မင်းကလည်း ငါ့ဆိုဘယ်တော့မှအကောင်းမပြောဘူး နာမည်ပြောလိုက်တော့ မင်းကိုဘယ်ခွေးပြေးကိုက်မှာမို့လဲ "
" ကျစ်! လမင်းကွာ လမင်းသူရိန် "
" ဘာ! "
အာဏာ့အဖြေအား ကြားသည်နှင့် ထိုင်ရာမှကောက်ကနဲထကာ အသားကုန်ျအာိပစ်လိုက်သည်။
" ဟျောင့်! မင်းတိုးတိုးနေကွာ "
" အော်အေး ဘယ်လိုဖြစ်တာလဲ မင်းခုနကဖြင့် သူ့ကိုရွဲ့လိုက်ကျိန်းလိုက်လုပ်နေတာလေ အခုဘာဖြစ်သွားပြန်တာလဲ "
" မသိဘူးကွာ ခုနသူငါ့ကိုဆေးလိမ်းပေးတုန်းကမင်းမမြင်လို့ သူတစ်ခြားတစ်ယောက်လိုဘဲ ငါ့ကိုသေချာဂရုစိုက်နေတာ ပြီးတော့.... အခုငါ့ခံစားချက်က တစ်ခါမှမဖြစ်ဖူးဘူး ငါ့သက်တမ်းတစ်လျှောက်လုံး ဒါပထမဆုံးဘဲ သေချာတယ်ငါလမင်းကိုချစ်မိနေပြီ "
အာဏာ့၏မျက်နှာထားက ခါတိုင်းနှင့်မတူ တည်တက်းနေပြီး တစ်ခုခုကိုအတွေးလွန်ပြီးစိုးရိမ်ပူပန်နေသလိုပင်။
" ဒါနဲ့နေပါဦး ငါ့ကိုခုနက လမင်းဆေးလိမ်းပေးတုန်းက မင်းကိုမတွေ့ဘူး ဘယ်ဂျောင်ပြေးငိုနေတာလဲ "
" မင်းကလည်း ပြောပြန်ပြီ ခုနကအပေါ်တက်ခါနီး လမင်းရဲ့အကိုအလုပ်တွေလုပ်ပြီး အမောဖြေရင်း အလောတကြီးရေသောက်မိမလိုဖြစ်လို့ ငါသွားတားတာပါ မတော်တဆတီးနိုင်တယ်လေ မောနေတော့ "
" အဟမ်း! အေးပါကွာ "
" ဘာလဲဘာလဲ မင်းမျက်နှာက ကောက်ရိုက်လိုက်ရ "
" ငါအခုလူမမာဖြစ်နေတာနော် အနိုင်မကျင့်ချင်နဲ့ "
" ဟုတ်ကဲ့ပါသခင်လေးဗျ ဘာသုံးဆောင်ချင်ပါသလဲ "