" ဘာပြောမလို့လဲ အမေ "
အဒေါ်က အပေါ်မှာရှိသည်ထင်လို့လှမ်းခေါ်ပေမဲ့ ပြန်ထူးလာသူက နောက်ဖေးဘက်ကထွက်လာသည်။
" ဒီမှာ သားကအလုပ်လည်းမရှိတော့ ဒီကဧည့်သည်လေးနှစ်ယောက်ကို ရွာအနှံ့အေးဆေးလိုက်ပြလိုက်ဦး "
" ဟာ အမေရာ ကလေးတွေလည်းမဟုတ် ဒီရွာသေးသေးလေးကိုသူတို့ဘာသာအသွားအပြန်လုပ်နိုင်ပါတယ် "
" အထွန့်မတက်နဲ့သား အမေခိုင်းတာ သားအတွက်မပင်ပန်းစေဘူး "
" ပြီးရောဗျာ ဒါဘဲမလား ခနစောင့်ကြ ကျုပ်အဝတ်သွားလှဲဦးမယ် "
မျက်မှောက်ကြုတ်ကာ အပေါ်ထပ်တက်သွားသည့် လမင်းအား အာဏာအလိုမကျသည့်အကြည့်ဖြင့်ကြည့်နေလိုက်သည်။
" လက်ဖက်သုပ်စားကြလေသားတို့ သားငယ်ကအဲ့လိုဘဲ အငယ်ဆုံးဆိုတော့ ဆိုးချင်တိုင်းဆိုးနေတာ။ "
အဒေါ်ကအားနာပါးနာပြောပြီး လုပ်လက်စအလုပ်တွေကို လက်စသတ်နေသည်။
စားပွဲဝိုင်းတွင်တော့ အာဏာနှင့်စစ်ရိပ်သာကျန်နေခဲ့သည်။
" မင်းမျက်နှာကြီးကလည်းကွာ အီးမှန်ထားသလိုဘဲ ကဲအခုရော ဘာဖြစ်ပြန်တာလဲ "
" ဘာဖြစ်ရမှာလည်း လမင်းဆိုတော့ကွာ နာမည်လေးကချစ်စရာလေးပေါ့ ငါလည်းအပြင်းပြေဆိုပြီး ပျော်နေတာ ဘယ့်နှယ့်ကွာ အဲ့ကောင်ဖြစ်နေရတယ်လို့ "
" တိုးတိုးပြောပါကွာ ကြားသွားဦးမယ် မင်းတို့ပြဿနာဖြစ်တာအရေးမကြီးဘူး တော်ကြာ မင်းဖေကြီးရောက်လာလို့ ကွိုင်တက်နေဦးမယ် "
" မဖြစ်ပါဘူးကွာ "
နှစ်ယောက်တည်းတီးတိုးပြောနေတုန်း အပေါ်ထပ်ကနေ ပုဆိုးအဝါကွက်နှင့် စွပ်ကျယ်အပြာလေးဝတ်ကာ အောက်ဆင်းလာပြီး အာဏာတို့နားလာရပ်သည့်လမင်း။
" သွားမယ်လေ ထကြ စောက်စားဘဲစားမနေနဲ့ ခင်ဗျားတို့မြို့လောက် အစားအသောက်မကြီးကျယ်ဘူး "
" မင်း!... "
" ကဲ စိတ်လျှော့ပါကွာ လာပါ သူ့နောက်ကနေဘဲအေးဆေးလိုက်ရအောင်ပါ "