" အကိုက ကိုကို့ရဲ့ရည်းစားမလားဟင် "
" မင်းကဘယ်သူလဲ ကိုကိုကရောဘယ်သူလဲ ဘာတွေလာပြောနေတာလဲ "
" ကျွန်တော်ဘယ်သူလဲဆိုတာအကိုသိစရာမလိုပါဘူး ကိုကိုဆိုတာအာဏာမင်းဆက်လေ ပြောပါဦး ကိုကိုလို့ခေါ်တော့ကျွန်တော်က ကိုအာဏာနဲ့ဘယ်လိုဆက်ဆံရေးဖြစ်မယ်ထင်လဲ "
" အဲ့ဒါမင်းအပိုင်းလေ မင်းဘာစိတ်ကူးနဲ့လာပြောလည်းတော့မသိပေမဲ့ ငါမင်းကိုမယုံဘူး "
" အာ... ဟုတ်ပြီလေ ယုံတာမယုံတာအကို့အပိုင်းဘဲ ဒါနဲ့အကို့ကိုပုံတစ်ပုံပို့ပေးလိုက်မယ် အဲ့ကျမှဆုံးဖြတ်ပေါ့ ယုံမလား မယုံမလားဆိုတာ "
ဘာမှပြန်မဖြေဘဲ ဖုန်းကိုဘေးနားပြန်ချထားလိုက်ပြီး မုန့်ကိုပြန်စားရင်း ရှေ့တွင်ထိုင်နေသောသုသု့ကိုတစ်ချက်ကြည့်တော့ သူ့ဘာသာဖုန်းသုံးရင်းပြုံးနေသည်။ အင်းပေါ့ရည်းစားနဲ့ပြောနေလို့ပြုံးနေတာနေမှာပေါ့။
ခနနေတော့တွီခနဲ မြည်လာတဲ့ notiသံကြောင့် ဖုန်းကိုပြန်ယူကြည့်လိုက်တော့ တစ်ဖက်မှပို့လာသည့်ပုံနှင့်အတူ စာတစ်စောင်...
" ကြည့်ပါဦးဗျာ ကိုကိုကချစ်ဖို့ကောင်းနေလိုက်တာ အခုဆုံးဖြတ်ပြီးပြီလား ကျွန်တော်ပြောတာယုံမလား ကိုကို့ကိုဆက်ယုံဦးမလားဆိုတာ "
ထိုစာနှင့်ပုံကိုမြင်ပြီး ထိုင်ရာမှဝုန်းခနဲထရပ်လိုက်သည်။
" အကို ဘာလိုလို့လဲဟင် "
" မဟုတ်ပါဘူး အစည်းအဝေးကဘယ်ချိန်ပြီးမှာလဲ "
" အမ်... မပြောတတ်ဘူး နည်းနည်းတော့ကြာမယ်ထင်တယ် လိုအပ်တာရှိရင်ကျွန်တော့်ကိုပြောလေ "
" မဟုတ်ပါဘူး မင်းဒီမှာနေခဲ့လိုက် ငါခနအိမ်ပြန်လိုက်ဦးမယ် အာဏာလာရင်ကြည့်ပြောထားလိုက် "
" ဟုတ် စိတ်ချပါအကို "
မုန့်တွေကိုတောင်ပြန်လှည့်မကြည့်ဘဲ အိမ်ကိုဒုန်းစိုင်းပြန်လာခဲ့လိုက်သည်။ သူမသိတာက ဒီစာတွေနဲ့ပုံကိုပို့နေတဲ့လူက သူ့ရှေ့မှာရှိနေတဲ့လူဆိုတာ...
" ခွင့်ပြုပါဗျ "
" ညီလေး ညီလေး မဝင်ရဘူးလေ အစည်းအဝေးလုပ်နေတာ "