" ဟိုကောင် ရွာများသွားလေတာလား ဘယ်မှရှာမတွေ့ဘူး "
" မသိဘူး ငါတို့လည်းရွာပြန်ရအောင်လေ "
" ဟုတ် ကိုကို့သဘော "
" မင်းနော် စနောက်နေရမဲ့အချိန်လား "
" ဘာမင်းလဲ မောင်လို့ခေါ်ပါဆိုမှ "
" အကျင့်ပါသွားလို့ သွားမယ် "
နှစ်ယောက်သား ထထွက်လာခဲ့လိုက်သည်။ မနေ့ညနေကအာဏာ့ကိုလိုက်ရှာပေမဲ့ မိုးကညနေတည်းကသည်းကြီးမဲကြီးရွာနေတော့ ရွာလည်းမပြန်နိုင်တာကြောင့် စစ်ရိပ်အိမ်တွင်သာနေလိုက်သည်။ စစ်ရိပ်သညါ အာဏာလောက်မချမ်းသာသော်လည်း အတော်အသင့်တော့ချမ်းသာသည်။ အာဏာ့ကုမ္ပဏီတွင် စစ်ရိပ်က မန်နေဂျာတစ်ယောက်ဖြစ်သည်။ တတိယရာထူးအကြီးဆုံးလို့ပြောနိုင်သည်။ အာဏာ့ဖေဖေ ဥက္ကဌ၊အာဏာ ceo၊သူကတော့ မန်နေဂျာပေါ့။ အခုလည်းမန်နေဂျာနေရာတစ်ခြားတစ်ယောက်အစားထိုးထားရသည်။ နှစ်ယောက်လုံး ရွာသို့ပြန်လာခဲ့ကြသည်။
" ထင်သားဘဲ မင်းဒီရောက်နေမယ်ဆိုတာ ဘာလို့မပြောမဆိုထပြေးရတာလဲ ဆေးရုံမဆင်းပေးသေးဘဲ "
" မသိဘူးကွာ ငါချာတိတ်ကိုတွေ့ချင်လို့ "
" အဲ့တော့သူကအတွေ့ခံလား "
" အဟွန်း! မှန်းကြည့်လေ "
" မဟုတ်မှ... မင်း ငါ့ညီကိုတစ်ခုခုလုပ်လိုက်ပြန်တာလား "
" ဟာဗျာ ယောက်ဖကလည်းလုပ်စရာလား မထိရက်မကိုင်ရက်လေးကို "
" လီးကိုမထိရက်မကိုင်ရက်လား ကိုမေကိုလိုး လန့်သွားတာဘဲ "
" ဘာလို့ဆဲနေတာလဲ ယောက်ဖကလန့်ပြီး မင်းကိုမကြိုက်တော့ရင်ဘလ်ိုလုပ်မလဲ "
" ဟင်! ဟိုလေ ကိုကို သားကိုစိတ်မဆိုးဘူးမလား "
ဝေါ့....
" သားတဲ့ "
" စိတ်မဆိုးပါဘူး ဒါမဲ့နောက်ကျအဲ့လိုတွေမဆဲနဲ့ "
" ဟုတ်ကဲ့ပါဗျ "
ခုနကကျ အားကြီးနဲ့ဆဲနေပြီး ခုကျကိုကို ကိုကိုလုပ်ဖြစ်နေသည့်စစ်ရိပ်အား ကြည့်မရတော့တာကြောင့် သူတို့အနားမှထွက်ခွာလာခဲ့လိုက်သည်။