" စစ်ရိပ်!! ဘာဖြစ်တာလဲပြောမှ အကိုသိမှာပေါ့ ဘာလို့တိတ်ဆိတ်နေတာလဲ "
" ခုထိနားမလည်သေးဘူးလား ကျွန်တော် အကို့ကိုသဝန်တိုတယ် "
" ... "
" ခု..ခုနက အကိုနဲ့ကောင်မလေးတစ်ယောက်နဲ့ ပြုံးရွှင်နေကြတာမြင်ရတာ ဘယ်လောက်နာကျင်တယ်ထင်လဲ ဒီနား...ဒီနားက စောက်ရမ်းနာကျင်ရတယ် "
ရင်ဘတ်အား ရိုက်ပုတ်ကာပြောလာသူက ထိန်းချုပ်ထားရသော မျက်ရည်တို့ပါစီးကျလာသည်။
" ကျွန်တော်...ကျွန်တော်အကို့ကိုချစ်မိနေပြီ ထင်တယ် "
" ဘာရယ် "
" ကျွန်တော့်ကိုရွံသွားတယ်မလား "
" အဲ့...အဲ့လိုမဟုတ်ပါဘူး ရုတ်တရက်မို့ အကိုက... "
" နားလည်ပါတယ် စိတ်ပေါ့သွားမယ်ထင်လို့ပြောလိုက်တာပါ တောင်းပန်ပါတယ် "
မျက်ရည်များအားသုတ်ပေးနေသည့်သူ
ရိန့်လက်ကိုဖယ်ထုတ်လိုက်ကာ အခန်းထဲကထွက်ဖို့လုပ်တော့ အနောက်ကသိုင်းဖက်ခြင်းက်ုခံလိုက်ရသည်။" ဟင့်အင်း အထင်မလွဲပါနဲ့ အကို...အကိုမင်းကိုမရွံပါဘူး ပြီးတော့... "
" မျှော်လင့်ချက်မပေးချင်ပါနဲ့ ကျွန်တော့်ကိုလွှတ်ပါ "
" အကိုမင်းကိုချစ်တယ် "
" ... "
သူရိန့်လက်ထဲမှ ရုန်းနေတုန်း ထပ်ဆင့်ထွက်လာသည့်စကားကြောင့် လှုပ်ရှားမှုတို့ရပ်တန်သွားသည်။
" ဘာ..ဘာပြောလိုက်တယ် "
" အကိုမင်းကို စတွေ့တည်းက ရင်ခုန်ခဲ့မိပါတယ် ကိုယ့်ခံစားချက်နဲ့ကိုယ်မယုံကြည်နိုင်ခဲ့တာဘဲရှိတာ ပြီးတော့မင်းကိုမပြောရဲခဲ့ဘူး အကို့ကိုအထင်သေးသွားမှာကြောက်လို့ "
သူရိန်က စစ်ရိပ်၏လက်တို့အားဆုပ်ကိုင်လျက်ဆိုတော့ ဘာပြောရမှန်းမသိတောင်ဖြစ်သွားသည်။
" ဒါဖြင့် ခုနကကောင်မလေးကရော "
" သူလား အကိုပြန်ပြောလိုက်တာ ချစ်ရတဲ့သူရှိနေပြီလို့ "
စစ်ရိပ်နှင့်မျက်လုံးချင်းဆုံပြီး လေးလေးနက်နက်ဆိုသည်။
