စစ်ရိပ်မှာ သူရိန့်ဘေးထိုင်နေရင်းမှ အာဏာ့အားရန်တွေ့နေပြန်သည်။ ပွဲတော်အတွက် လိုအပ်သည်များကို စာရင်းမှတ်နေသည့်
သူရိန့်အား ကူညီပေးနေသည့်စစ်ရိပ်ပါ။လမင်းအခန်းထဲရောက်သည်နှင့် နံရံကိုမှီကာရပ်ခိုင်းပြီး ကြမ်းခင်းတွင် စောင်ခင်းပေးလိုက်သည်။ ပြီးမှ နံရံတွင် ယိုင်နဲ့စွာရပ်နေသည့် လမင်း၏လက်ကိုအသာဆွဲကာထိန်းပေးရင်း လမင်းကအာဏာ့လက်အား ပြန်ဆွဲလိုက်သည်။
အခြေအနေက လမင်းကနံရံဘက်တွင်ရောက်နေပြီး အာဏာက လမင်းအားအုပ်မိုးထားသလိုပင်။ မျက်နှာနှစ်ခုနီးကပ်နေစဉ် လမင်းက အာဏာ့လည်တိုင်အား သိုင်းဖက်လိုက်သည်။
" ခင်... ကျုပ်ကိုပြန်ချစ်ပါနော် "
အစကတော့ အခုလိုဖက်ခံလိုက်ရသည်ကို အာဏာကျေနပ်မိပေမဲ့ လမင်းကအာဏာ့အား ခင်ဟုခေါ်နေတာကြောင့် အာဏာ့စိတ်ထဲ အစားထိုးခံတစ်ယောက်လိုခံစားလိုက်ရသည်။
" ကိုယ့်ကိုလွှတ် မင်းမူးနေပြီ ကောင်းကောင်းအိပ်.... "
မိမိလည်တိုင်အားသိုင်းဖက်ထားသည့် လမင်း၏လက်တို့ကိုဖြုတ်ရန်ကြိုးစားနေစဉ် ဂဟေဆက်သွားသည့်နှုတ်ခမ်းနှစ်စုံ။
အာဏာ့အား ငယ်ချစ်ဦးလှခင်ဟုထင်၍ အာဏာ့နှုတ်ခမ်းကို ဖိကပ်ထားလိုက်သည်။ ရုတ်တရက်မို့ အာဏာလည်း ပြူးကြောင်သွားရသည်။ရုန်းဖို့ရာ အာဏာ့လည်တိုင်အား တင်းကြပ်စွာဖက်တွယ်ပြီး နမ်းနေသည်မို့ လမင်း၏ပုခုံးနှစ်ဖက်က်ုထိန်းကိုင်ပြီး တွန်းထုတ်သော်လည်း လွှတ်မပေးဘဲ ဆက်တိုက်နမ်းနေသည်။
( မဖြစ်ဘူး ဒီတိုင်းဆိုငါ့စိတ်တွေလွတ်ထွက်သွားလိမ့်မယ် လမင်းရာ ရူးမိုက်လိုက်တာ )
ကိုယ့်အကြောင်းကိုယ်သိသည့်အာဏာက ကိုယ့်ဘာသာသတိပေးနေရပေမဲ့ လမင်း၏အနမ်းတွေအောက် လွှင့်မြောသွားရသည်။ လမင်း၏ခါးသွယ်လေးကို ဖက်လိုက်ပြီးအနမ်းတို့ကိုတုန့်ပြန်ပေးမိသည်။ ခေါင်းကိုလမင်း၏ခေါင်းနှင့်ဆန့်ကျင်ဘက်စောင်းကာ လမင်း၏နှုတ်ခမ်းကိုစုပ်ယူနမ်းရှိုက်သည်။
ပြွတ်!!
" အွန်းးးး ရပ်....တော့ "
လမင်းမှာ အသက်ရှူကြပ်လာတာကြောင့် အာဏာ့လည်တိုင်အားသိုင်းဖက်ထားကာမှ လက်ကိုအောက်လျှောကာ ပုခုံးမှတွန်းထုတ်လေသည်။ လမင်းကရုန်းကန်စပြုလာမှ အာဏာ့မှာအသိစိတ်ဝင်ကာ အနမ်းတို့အားရပ်တန့်လိုက်သည်။
