" ဟင် အကိုလေး အဆင်ပြေရဲ့လား ငိုနေတာလား "
" မဟုတ်တာ မျက်လုံးထဲ အမှုန်ဝင်သွားလို့ပါ "
ကားဖြင့်လိုက်ပို့ပေးသည့်ဖေဖေဖေ့လူက စိုးရိမ်တကြီးမေးလာတော့ ခပ်ပေါ့ပေါ့သာပြန်ဖြေလိုက်သည်။
" ရောက်ပြီခဗျ "
" အင်း ကျေးဇူးဘဲ "
အိမ်ရှေ့တွင်ချပေးပြီး လှည့်ပြန်သွားသည့်ကားကိုတစ်ဆုံးကြည့်နေမိသည်။
" အော်သား ဘယ်လိုပြန်ရောက်လာတာလည်း သားအကိုကရော "
" ဆေးရုံမှာပါ ကျွန်တော်ဒီတိုင်း... ပျင်းလို့ပြန်လာလိုက်တာ "
" အင်းအင်း ဘာဘဲဖြစ်ဖြစ် ခရီးပန်းရင်နားလေ "
" ဟုတ် "
အမေ့ကိုနှုတ်ဆက်ပြီး အပေါ်ထပ်သာတက်လာခဲ့လိုက်သည်။ အာဏာ့အကြောင်းတွေးမိတိုင်းနာကျင်ရတဲ့ ရင်ဘတ်တစ်နေရာကို ဖိထားမိသည်။
~~~~~
" လမင်း... လမင်းရော "
" ဘယ်မှာလဲ လမင်းမရှိပါဘူး ငါတို့ဘဲရှိတာ "
" မဖြစ်နိုင်တာ ငါခုနကလမင်းနဲ့စကားပြောလိုက်သေးတယ်လေ "
" မင်း အိမ်မက်မက်နေတာနေမှာပါ နားလိုက်ဦး ငါတို့မင်းအတွက်ဒီနားမှာ တစ်ခုခုသွားဝယ်ပေးမယ် "
ပြောပြီး စစ်ရိပ်နှင့်သူရိန်က အခန်းထဲမှထွက်သွားကြသည်။ သုသုသာကျန်ခဲ့သဖြင့်
" နေရအဆင်ပြေရဲ့လား ခေါင်းကိုက်နေသေးလား "
" ပြေတယ် ငါတစ်ယောက်ထဲနေချင်တယ် ထွက်သွား "
" ဟုတ်ကဲ့ "
သုသုပါထွက်သွားလေတော့ တစ်ယောက်တည်းကျန်နေခဲ့သည်။ သူအခုထိမသိသေးသည်က လမင်းကဘာကြောင့်စိတ်ဆိုးနေသလဲဆိုတာပင်။
" သုသု.... "
သုသုအားလှမ်းခေါ်ကြည့်တော့ ပြန်ထူးမလာတာကြောင့် အပြင်ဘက်တွင် မရှိဘူးဆိုတာသိလိုက်သည်။
ကုတင်ပေါ်မှဆင်းကာ သွေးသွင်းထားသည့်လက်မှဆေးပိုက်ကိုလည်း ဂရုမစိုက်စွာ ဖြုတ်ချပစ်လိုက်သည်။ ဆေးရုံဝတ်စုံအစား တခြားတစ်စုံပြောင်းဝတ်လိုက်ပြီး ဘယ်သူမှမသိအောင်ဆေးရုံမှထွက်ခဲ့လိုက်သည်။
