မြို့ကပြန်လာပြီးတည်းက ၃ရက်တိတိ ရှောင်ဖယ်နေခဲ့သည့် ချာတိတိကြောင့် အာဏာ့ခံစားချက်တွေ ထိန်းချုပ်ရခက်နေသည်။ ပုံမှန်စိတ်အတိုင်းသာဆို ချာတိတ်ကိုတစ်ခုခုလုပ်မိမည်ဟူသော စိတ်ကြောင့် ကိုယ့်ဘာသာလန့်နေရသးသည်။
" အာဏာ.... "
" အင်း "
အခန်းထဲတွင် တစ်ယောက်တည်းမှိုင်ကာ ခံစားနေရသောသူငယ်ချင်းအားမကြည့်ရက်တော့သည့် စစ်ရိပ်က အနားလာထိုင်ပြီး အာဏာ့ပုခုံးအား ဆုပ်ကိုင်ထားသည်။
" မင်းအခုလိုဖြစ်နေတာ ငါပထမဆုံးမြင်ဖူးတာဘဲ မင်းသူ့ကိုတကယ်ချစ်မိသွားတာလား "
' တကယ်ချစ်မိသွားတာလား ' ဆိုသည့်မေးခွန်းက အာဏာ့အား ဆောက်တည်ရာမဲ့စေသည်။
" ဘယ်လိုမေးလိုက်တာလဲကွာ ငါ...ငါလမင်းကိုချစ်တယ် ငါဘယ်လိုလုပ်ရမလဲ သူငါ့ကိုလျစ်လျူရှုနေတာကြာတော့ ငါမခံစားနိုင်တော့ဘူး ငါဘာဆက်လုပ်ရမှာလဲဟင် "
" အာဏာရာ.... "
အာဏာ့ကျောပြင်အား အသာပွတ်ပေးမိသည်။ ဘယ်လိုနှစ်သိမ်ပေးရမလဲလည်း စစ်ရိပ်မသိတော့။ စစ်ရိပ်ပုခုံးပေါ်မျက်နှာအပ်ကာ ငိုနေသော အာဏာ့ပုံစံမှာ မြင်ရသူတိုင်းအတွက်မယုံနိုင်စရာပင်။
~~~~~
" လမင်း... "
" အင်း "
" ပြောရမှာတော့အားနာပေမဲ့ အကို့သူငယ်ချင်းက မင်းကိုတစ်ကယ်ချစ်နေတာပါ မင်းသူ့ကိုပြန်မချစ်နိုင်ရင်လည်း သူနာကျဉ်းသွားအောင် လုပ်လိုက်လေ မင်းမလုပ်ရဲဘူးလား "
ဟုတ်ပါသည်။ စစ်ရိပ်ေပြာတော့ လမင်းမျက်လွှာကိုအောက်ချမိသည်။ စစ်ရိပ်ပြောသလိုပင် သူအာဏာ့ကိုပြန်မချစ်ပေမဲ့ နာကျဉ်းအောင်လည်းမလုပ်နိုင်ပေ။ ဘာကြောင့်လဲ....
" အဲ့ကိစ္စဆို ကျုပ်နားက ထွက်သွားပေးပါ "
" လမင်း! မဟုတ်သေးဘူးကွာ အကိုပြောတာမှားနေလို့လား မချစ်ရင်ဘာလို့အစတည်းက မျှော်လင့်ချက်ပေးခဲ့သေးလည်း မင်းသိလား အကို့သူငယ်ချင်းက တစ်ခါမှမချစ်ဖူးဘူး မင်းနဲ့ပတ်သက်ပြီးခံစားနေတာလည်းဒါပထမဆုံးဘဲ သူ.... သူတော်တော်နာကျင်နေရှာတာ "