part 15 (uni)

902 19 4
                                    

" အင်း.… "

" နိုးလာပြီလား "

" အင်း အဖေတို့ပြန်ရောက်ပြီလား "

" ရောက်ပြီလေရော် မနေ့ထဲကရောက်တာကို "

" ဒါဆို မနက်လင်းပြီပေါ့ "

" လင်းခါနီးပြီ ခနနေမောင်မြို့ပြန်ရတော့မှာ ကိုကိုနိုးဖို့စောင့်နေတာ "

" သွားစရာရှိတာသွားပါ ငါ့ကိုစောင့်စရာမလိုဘူး "

" ဟုတ်ပါပြီဗျာ ဒါဆိုမောင်သွားတော့မယ်နော် "

" အင်း ဂရုစိုက်သွား "

အိပ်ရာပါ်လှဲအိပ်နေသည့် သူရိန့်၏နဖူးအား ဖွဖွလေးနမ်းပြီးနှုတ်ဆက်လိုက်သည်။ မျြု့ကိုမြန်မြန်ပြန်မှဖြစ်မည်။ မဟုတ်လျှင် အလုပ်နောက်ကျရပြန်ဦးမှာဖြစ်တာကြောင့် မြန်မြန်သာပြန်လာခဲ့လိုက်သည်။

~~~~~

" ချာတိတ် ပင်ပန်းရင်နားလိုက်ဦးလေ ကိုယ်ဘဲလုပ်လိုက်မယ် "

" ဟင့်အင်းရတယ် ငါလုပ်နိုင်ပါတယ် မင်းအစည်းအဝေးရှိတယ်မလား "

" အင်း ဟုတ်တယ် "

" သွားလေ ငါအစည်းအဝေးမပြီးခင် အလုပ်လေးလက်စသတ်ထားလိုက်မယ် "

" ဒါဆို ကိုယ်မြန်မြန်ပြန်လာခဲ့မယ်နော် ဘယ်မှမသွားနဲ့ "

" အင်းပါ "

အစည်းအဝေးလုပ်ဖို့ ရုံးခန်းထဲမှအာဏာထွက်သွားသည်နှင့် လုပ်လက်စအလုပ်ကိုဆက်လုပ်နေလိုက်သည်။ အဝောာ်ကြာပြီး အလုပ်တွေအပြီးသတ်ပြီးတာတောင် အစည်းအဝေးကမပြီးသေးပေ။

" အာ မေ့နေလိုက်တာ ဒီနေ့ဖေဖေ့ကို လက်ဆောင်ဝယ်ပေးမလို့ဟာ "

အာဏာ့ဖေဖေအား လက်ဆောင်တစ်ခုခုဝယ်ပေးမည်ဟု စဉ်းစားမိထားသည်မှာ အရင်နေ့တည်းကပင်။ အာဏာ့ကိုစောင့်ရအောင်ကလည်း အစည်းအဝေးကနည်းနည်းထပ်ကြာဦးမည့်ပုံပင်။ ထို့ကြောင့် ကုမ္ပဏီမှထွက်ခဲ့လိုက်သည်။

ဖုန်း!!

အား!!

နောက်ဘက်မှ ဦးခေါင်းကိုတစ်ခုခုနှင့်ရိုက်ခံလိုက်ရပြီးနောက် သတိလစ်သွားမိတာ နောက်ပိုင်းကိစ္စတွေမမှတ်မိတော့ပေ။ ပြန်နိုးလာတဲ့ချိန်မှာတော့ အခန်းတစ်ခုထဲရောက်နေပြီး ခြေထောက်တွေလက်တွေမှာလည်း ကြိုးဖြင့်ချည်နှောင်ခြင်းခံထားရသည်။

°~ကိုယ့်ရဲ့ချာတိတ်လေး~°Where stories live. Discover now