part 5 (uni)

952 31 0
                                    

" ဗိုက်ဆာရင်ပြောနော် လမ်းမှာဆိုင်တွေပေါတယ် "

" အင်းပါ ကျုပ်မဆာပါဘူး "

" ဒါဆိုခနအိပ်ချင်အိပ်လိုက်လေ ရောက်ဖို့ဆို နောက်ထပ်၁နာရီကျော်ကျေယ်လောက်မောင်းရဦးမှာ "

" တော်ပါပြီ မအိပ်ချင်ပါဘူး ကားသာမောင်းပါ ယောက်ျားကြီးဖြစ်ပြီးပွစိပွစိနဲ့ "

" ... "

စေသနာနှင့်ပြောသည်ကို ရန်ပြန်တွေ့နေသည့် ကောင်‌လေးကြောင့် အာဏာ့မှာတစ်ဖက်လှည့်ကာ ခိုးရယ်လိုက်ရသည်။

ကားလေးဟာ တငြိမ့်ငြိမ့်နှင့်မောင်းနှင်နေရင်း နောက်ဆုံး အာဏာ့အိမ်သို့ရောက်ခဲ့လေပြီ။ ဘေးကိုတစ်ချက်ကြည့်လိုက်တော့

" အဟွန်း! မအိပ်ချင်ဘူးဆိုတဲ့လူက ခုကျတော့ အိပ်နေလိုက်တာများ "

အိပ်မောကျနေသည့်ကောင်လေး၏ကားခါးပတ်ကို အသာဖြုတ်ပေးပြီး‌ ပါးကိုလက်ညှိုးဖြင့်အသာထိရင်း တစ်ယောက်တည်းပြောနေမိသည်။

" ချာတိတ် ချာတိတ်.... "

" အင်းးးး ရောက်ပြီလား "

" ထတော့ကိုယ့်အိမ်ရောက်ပြီ ပြီးမှပြန်အိပ်နော် "

" အင်း "

ထဖို့ပြင်ပြီးမှ ခုနကရန်တွေ့တုန်းက မအိပ်ချင်ပါဘူးဆိုသည့်စကားကိုပြန်မြင်ယောင်မိတော့

" ဘယ်...ဘယ်သူကအိပ်နေလို့လဲ ခနမှေးနေရုံပဲ "

" ဟုတ်ပါပြီဗျာ မှေးတယ်ဘဲထားပါ လာအထဲဝင်ရအောင် "

နှစ်ဦးသားအိမ်ထဲသို့ဝင်လိုက်သည်နှင့် ဧည့်ခန်းဆိုဖာခုံတွင်ထိုင်ကာ ကွန်ပျူတာတစ်လုံး ၊ စာရွက်စာတမ်းများ နှင့်အလုပ်ရှုပ်နေသည့် လူကြီးတစ်ယောက်ကိုတွေ့တော့ အာဏာဦးစွာနှုတ်ဆက်လိုက်သည်။

" Hello! Daddy. Nice to meet you. "

" ဟ ဘယ်လိုရောက်လာတာလဲ ဖုန်းတော့ကြိုမဆက်ဘူး "

" ဖေဖေကလည်းဗျာ ကိုယ့်အိမ်ကိုယ်ပြန်တာကို အကြောင်းကြားနေရဦးမှာလား "

ပြောပြောဆိုဆိုနှင့် လမင်းလက်ကိုပါဆွဲပြီး ဖေဖေနှင့်မျက်နှာချင်းဆိုင်က ဆိုဖာပေါ်နှစ်ယောက်သားထိုင်လိုက်ကြသည်။

°~ကိုယ့်ရဲ့ချာတိတ်လေး~°Where stories live. Discover now