part 8 (uni)

891 25 4
                                    

" အမေ ကျုပ်တို့သွားပြီနော် ဂရုစိုက်ကြဦး "

" အမေတို့ကိုစိတ်မပူပါနဲ့ သားတို့နှစ်ယောက်သာဂရုစိုက်ကြပါ "

" စစ်ရိပ်ငါသွားပြီနော် ငါ့ကိုလွမ်းမနေနဲ့ "

" လွမ်းစရာလား မင်းကိုစိတ်ထဲတောင်ထည့်မထားဘူး "

" ခွေးသတောင်းစားလေး! "

ချစ်သူငယ်ချင်းလေးကို ဆဲရေးဆိုလိုက်ပြီး အားလုံးကိုနှုတ်ဆက်ကာ ခရီးစတင်လိုက်ကြသည်။

" ဗိုက်ဆာနေလား "

" ဟင့်အင်းရတယ် မဆာဘူး ကားကိုသာဂရုစိုက်မောင်း "

" စိတ်ပူနေပြန်ပြီ "

" ီးလား ကျုပ်ဘာသာစိတ်ပူတာ ခင်ဗျားကိုမပူပါဘူး "

" ကိုယ့်ကိုငြင်သာစမ်းပါချာတိတ်ရယ် "

" ီးကို ငြင်သာရမှာလား "

" ဟောကြည့် တစ် ီးီးနဲ့ကြည့်ချင်လို့လားပြော "

" ရိုင်းလိုက်တာ "

" ချာတိတ်လောက်တော့ မရိုင်းပါဘူး "

ပြုံးစိစိနှင့်ပြောနေသည့် အာဏာ့ကို မျက်စောင်းတစ်ချက်ခဲလိုက်မှ ငြိမ်သက်သွားတော့သည်။

( မျက်နှာရူးကောင် )

" ဟောဗျာ! စိတ်ကောက်သွားတာလား ကိုယ်ကချစ်လို့စတာပါ စိတ်မကောက်ပါနဲ့နော် "

" တော်စမ်းပါ ကားသာသေချာမောင်းပါ "

" ဟုတ်ကဲ့ပါဗျာ မင်းလေးသဘော "

လူကိုမိန်းကလေးများထင်နေလားမသိ။ အားတိုင်းကြောင်‌ချင်နေသည့် မျက်နှာရူးအား မျက်စောင့်ခဲလိုက်မိပြန်သည်။

မြို့ရောက်ဖို့အတော်လေးလိုသေးတာမို့ နိုးနိုးကြားကြားလိုက်ရင်း အိပ်မောကျသွားသည့်လမင်း။ ကားမောင်းနေရင်းမှ လမင်းအားခဏခဏလှည့်ကြည့်နေသည်ကို လမင်းလေးကတော့ညသိပုံမပေါ်။ အမြဲကြမ်းတမ်းပြီး အဆဲကိုပါးစပ်ကမချတတ်သူလေးက အိပ်မောကျနေသည့်အချိန်ဆို အပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်နှယ်။

" ချာတိတ်... ချာတိတ် "

" ဟင်! အင်း ရောက်ပြီလား "

°~ကိုယ့်ရဲ့ချာတိတ်လေး~°Where stories live. Discover now