" ကိုကို "
" ဟာ ဘယ်လိုရောက်လာတာလဲ "
" ကိုကို့ကိုလွမ်းလို့လာတွေ့တာ "
" အရူးလား မနက်ကမှသွားတာကို "
" ပြောရင်လည်းယုံမှာမဟုတ်ဘူး မြို့ရောက်တည်းကလွမ်းနေတာ အလုပ်တွေမပြီးသေးလို့ "
" ယုံပါတယ်ဗျ "
" ယုံရင်အာဘွားပေး "
" ဟင် "
မဆီမဆိုင်တွေပြောနေပြန်တဲ့စစ်ရိပ်ကြောင့် ကြောင်သွားရသည်။ အာဘွားဆပးဟုဆိုကာ ပါးတစ်ဖက်ဖောင်းပြလာတာေကြာင့် တစ်ချက်နမ်းလိုက်သည်။
" ကျေနပ်ပြီလား "
" ဟင့်အင်း နောက်တစ်ဖက် "
" ထပ်ပြီးလား "
ခေါင်းတဆတ်ဆတ်ညိတ်ကာ ကျန်ပါးတစ်ဖက်ကိုဖောင်းလာပြန်တာကြောင့် နမ်းရပြန်သည်။ သို့သာ်ဒင်းကလူလည်ကျကာ မျက်နှာကိုလှည့်လိုက်တာကြောင့် နှုတ်ခမ်းကိုနမ်းမိသွားသည်။ လန့်ပြီး နှုတ်ခမ်းကို ပြန်ခွားမယ်လုပ်တော့ ခေါင်းကိုအုပ်ကိုင်ကာ ထပ်နမ်းသည်။
အွန်းးးး ပြွတ်!!!...
" အဟမ်းးးးး "
" ဟင် အဖေ "
" ဟာ ယောက္ခမကြီး "
" ဘာ!! ထားပါ မင်းငါ့သားကိုနမ်းမယ်ဆိုလည်းညင်ညင်သာသာနမ်းပါဟ ဘယ့်နှယ့်သားလေးနှစ်ယောက်ရှိပါတယ် နှစ်ေယာက်လုံးအောက်ရောက်နေတယ် "
" ဒါကတော့ယောက္ခမကြီးရယ် မျိုးရိုးလိုက်တာကိုးဗျ "
" ဘာကွ! မင်းပြောပုံက ငါက.... "
" ဟာ ကန်တော့ကန်တော့ ကျွန်တော်စကားမှားပြောမိတာ မျိုးရိုးဗီဇလို့ပြောတာပါဗျ "
" ဟင်းဟင်းးးး ငါ့သား သူမင်းကိုအနိုင်ကျင့်ရင်အဖေ့ကိုပြော မျိုးရိုးဗီဇမပြောနဲ့ မျိုးပါတုန်းသွားအောင် လုပ်ပစ်မယ် "
" ခဗျာ "
" စိတ်ချအဖေ သားကိုအနိုင်ကျင့်ရင်ပြန်ပြောမယ် "
" အေးငါမင်းအမေသွားစရာရှိတယ် နှစ်ယောက်အိမ်မှာစောင့်နေကြဦးပေါ့ "