" သက်သာလား ခေါင်းကိုက်နေသေးလား "
" သက်သာပါတယ် ဆေးမတိုက်တော့ဘူးလား "
ပြုံးစိစိနှင့် ဆေးမတိုက်ဘူးလားမေးလာသည့်စစ်ရိပ်အား ဘေးရှိတာနှင့်သာ ကောက်ထုချင်တော့သည်။ နေမကောင်းလို့သာ။
" သက်သာတယ်ဆို "
" အား! ခေါင်းကိုက်လိုက်တာ "
" လျှောက်လုပ်မနေနဲ့ ဆေးကိုဆော့စရာထင်နေလား "
" မထင်ပါဘူး အကို့နှုတ်ခမ်းကိုသာ စားစရာထင်တာ "
" တော်လိုက်တော့ တစ်နေ့တစ်နေ့ အရည်မရအဖတ်မရတွေပြောနေတာ မပင်ပန်းဘူးလား "
" အရည်ရောအဖတ်ရောမရပေမဲ့ အကို့ကိုတော့ရပါတယ် "
" တော်ပြီတော်ပြီ ငါမအားဘူး အိပ်ချင်ခနထပ်အိပ်လိုက်ဦး နှာဗူးထဖို့ဘဲချောင်းမနေနဲ့ "
" ဟားဟား ထချင်စရာကြီးကိုဗျာ "
ဘာမှပြန်မပြောတတ်တာနဲ့ ခေါင်းကိုအသာခါရမ်းပြီး အခန်းထဲမှပြန်ထွက်လာခဲ့လိုက်သည်။ စစ်ရိပ်မှာတော့ စနောက်ပြီး ပြုံးစိစိဖြင့် ကျန်နေခဲ့သည်။
~~~~~
" မဂ်လာပါ CEO "
" အင်း ဒါကကျွန်တော့်အတွင်းရေးမှူး သူ့ကိုလည်းကျွန်တော့်ကိုဆက်ဆံသလိုဆက်ဆံ "
" ဟဲဟဲ ceoအဲ့လိုမပြောနဲ့လေ အထင်လွဲကုန်ရင်ဘယ်လိုလုပ်မလဲ "
ကုမ္ပဏီရောက်ရောက်ချင်း ဝန်ထမ်းတွေအား ဌာနတစ်ခုချင်းစီသွားနှုတ်ဆက်ကာ အချင်းချင်းရင်းနှီးဖို့လုပ်သည်။ သို့သော် ceoဆိုသည့်အာဏာမင်းဆက်ကတော့ ဝန်ထမ်းတွေအား အတွင်းရေးမှူးကို လေးစားဖို့မှာသည်။
တစ်ချို့ဝန်ထမ်းတွေမှာ အချင်းချင်းမျက်စပစ်ပြနေကြသည်။ ဝန်ထမ်းတွေနဲ့မိတ်ဆက်ပြီးသည်နှင့် အာဏာ့ကိုယ်ပိုင်အလုပ်ခန်း(ceoရုံခန်း)ကို အတူလာခဲ့ကြသည်။
" Ceo "
" အင်း အအေးနှစ်ခွက်ဖျော်ခဲ့ "
ရုံးခန်းပြင်တွင် လိုရမယ်ရခိုင်းဖို့ ကောင်မလေးတစ်ယောက်ရှိသည်။ အာဏာ့ကိုမြင်သည်နှင့်ခေါင်းငုံ့ကာနှုတ်ဆက်တော့ အအေးဖျော်ခိုင်းလိုက်သည်။ ရုံးခန်းထဲရောက်သည်နှင့် ဆိုဖာပေါ်ပစ်လှဲလိုက်ပြီး သက်ပြင်းထျလိုက်သည်။