part 1(Uni)

2.6K 42 0
                                    

Start - April.12.2024

" ဗျာ! ကျွန်တော်ကဘာလို့... "

" အာဏာ! မင်းငါ့အမိန့်ကိုနာခံရမယ် အခုမင်းအသက်ဘယ်လောက်ရှိနေပြီလဲ "

" ၂၆ "

" အေး ၂၆နှစ်တောင်ရှိပြီ ဘယ်မှာလဲအလုပ်အကိုင် ဘယ်မှာလဲပိုက်ဆံရှာတာ တစ်နေ့တစ်နေ့အလေလိုက် ဘားတွေသွားပျော်ပါး ရန်တွေဖြစ် ပြီးရင်အိမ်ကိုမိန်းကလေးခေါ်လာလိုက် ယောက်ျားလေးခေါ်လာလိုက်နဲ့ ပြောပါဦး မင်းကမိန်းကလေးလည်းမကင်း ယောက်ျားလေးလည်းမကင်းနဲ့ မင်းကဘာလဲ gayလား straightလား "

" ကျွန်တော်နှစ်မျိုးလုံးကြိုက်ပါတယ် "

" ဘာကွ! ငါကွာ လုပ်လိုက်ရမင်းတော့သေတော့မယ် ဘာဘဲဖြစ်ဖြစ် မင်းဒီမှာမနေရဘူး ငါ့သူငယ်ချင်းရွာမှာသွားနေ ငါသူ့ကိုအသိပေးထားလို့ရတယ် ရွာမှာလိုအပ်တာရှိရင်ကူညီဖို့ မင်းသွားလိုက် "

" ဗျာ! ကျွန်တော်မသွားချင်ဘူးဖေဖေ "

" မင်းအဲ့ကိုသွားရင်သွားလား မဟုတ်ရင် ငါ့အိမ်ပေါ်ကဆင်း ဘာတစ်ခုမှမယူဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဘဲဆင်းရမယ် "

" ကျစ်! သွားမယ်ဗျာ သွားရင်ပြီးရောမလား "

ဒုန်း!!

‌ဖေဖေ့အား အရွဲ့တိုက်ကာ စားပွဲခုံအား ခြေထောက်နဲ့ကန်ထားခဲ့သည်။

" ဟေ့ကောင် နေဦး ပြောလို့မပြီးသေးဘူး "

" ဘာလဲဗျာ ပြော "

" မနက်ဖြန်မနက်သွားရမှာမို့ ဒီညပြင်တင်ထားလိုက် "

" ဟာ ဖေဖေ! အဲ့လောက်အလျင်လိုရလား ပြီးရောဗျာ ကျစ်!! "

ဖေဖေ့အား ပုန်ကန်ဖို့ ကျောပေးထားရာမှ လှည့်လိုက်တော့ ဖေဖေက စူးစိုက်ကာကြည့်နေသည်မို့ စုပ်တစ်ချက်သပ်ကာ အပေါ်ထပ်တက်လာခဲ့လိုက်သည်။

နောက်နေ့မနက်ရောက်သော်အခါ...

" ဖေဖေ ကျွန်တော့်သူငယ်ချင်းကိုခေါ်သွားလို့ရလား "

" မင်းဘာသာဘယ်သူ့ခေါ်ခေါ် ဒါမဲ့မှတ်ထားနော် ရွာမှာပြဿနာမရှာနဲ့ ဘာမှမကြားချင်ဘူး ရန်ဖြစ်တယ်ဘာညာကြားလို့ကတော့ မင်းကိုတစ်ခါတည်းအမွေဖြတ်ပစ်မယ် "

°~ကိုယ့်ရဲ့ချာတိတ်လေး~°Where stories live. Discover now