Unicode
"အားး!!!"
နာကျင်လွန်းလို့ထွက်လာတဲ့အသံ။ထိုလူအသံကိုကြားရခြင်းဖြင့်လူတွေသည်သူကိုသနားရမယ့်အစားငရဲပြည်ကိုကောင်းကောင်းသွားရပါစေဆိုပြီးဆုတောင်းပေးကြသည်။ဘာလို့ဆိုခုသူခံနေရတာကငရဲထက်ပိုပြီးဆိုးရွားနေသည်။
ကြာပွတ်နဲ့ရိုက်ထားတာမို့ထိုလူတစ်ကိုယ်လုံးအရှိုးရာတွေပြည့်နှက်နေသည်။ဝတ်ထားတဲ့အင်္ကျီအပါးသည်ထိုကြာပွတ်ဒဏ်ကိုမခံနိုင်စွာပေါက်ပြဲကုန်သည်။ထိုအရှိုးရာပေါ်ကိုအက်စစ်လောင်းနေတာမို့ထိုလူသည်နာကျင်စွာအော်ဟစ်သည်။
"ကျစ် နားငြီးတယ်"
အရှေ့ရှိထိုင်ခုံပေါ်မှာခြေချိတ်ထိုင်နေတဲ့လူ၏စကားကြောင့်ကျန်လူများမှာထိုနာကျင်စွာအော်နေတဲ့လူရဲ့ပါးစပ်ကိုအဝတ်ထိုးထည့်ကျသည်။အဲ့တော့မှစိတ်ကျေနပ်တဲ့မျက်နှာဖြစ်သွားသည်။
ထင်းနေတဲ့မျက်ခုံတန်း။ဖြောင့်ဆင်းနေသောနှာတံ၊ပိရိသေသပ်နေတဲ့နှုတ်ခမ်းအစုံ၊သေသပ်ပြီးသွယ်ကျနေတဲ့မေးရိုး၊နက်မှောင်နေတဲ့ဆံနွယ်ကလှန်တင်ထားတာမို့သူရဲ့မျက်နှာကျကပိုမိုပေါ်လွင်နေသည်။ပြာလဲနေတဲ့မျက်လုံးများသည်သူအမိန့်အားလုပ်ဆောင်စေသည့်လက်နက်ဖြစ်သည်။ထိုမျက်လုံးများကအမြဲအေးစက်နေတက်သည်။19နှစ်ဆိုသောအသက်အရွယ်နဲ့မလိုက်အောင်ရှည်လျားတောင့်ဖြောင့်သောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီးအမြဲတမ်းအေးအေးစက်စက်မျက်နှာဖြင့်သာနေတက်သည်။သူရဲ့အပြုံးကိုဘယ်သူမှမတွေ့ဖူးပေ။သူကိုယ်တိုင်လည်းလူစဖြစ်ထဲကမပြုံးခဲ့ဘူးပေ။
"Daxသူကိုဘယ်လို"
"သတ်လိုက်"
ပိပိသသထွက်လာတဲ့အသံသည်အဝတ်စပိတ်စို့ပြီးအရှိုက်ခံနေရတဲ့လူအားခေါင်းတွင်းတွင်းရမ်းစေသည်။ဒါပေမယ့်Daxဆိုသူကတစ်စက်မှလှည့်မကြည့်ခဲ့ပါ။ဘောင်းဘီအိတ်ကပ်ထဲလက်ထိုးထည့်ကာအပြင်ကိုထွက်သွားသည်။
"ဟူး မင်းအတွက်စိတ်မကောင်းပါဘူး"
သေချာသည်ထိုလူသည်Dax၏အမိန့်ဖြင့်သေချာပေါက်ကိုငရဲကိုရောက်သွားသည်။Daxသည်Broken Familyမှမွေးဖွားလာတဲ့လူတစ်ယောက်ပီပီရက်စက်ကြမ်းတမ်းပါသည်။သူလက်အောက်နေတဲ့လူတွေကိုလည်းအမှားအလုပ်မခံ။တစ်ခါမှားတာနဲ့သေချာသည်အဲ့လူအတွက်ငရဲကစောင့်ကြိုနေသည်။မျက်စိတစ်မှတ်အတွင်းမှာပင်လူဆယ်ယောက်ကိုမျက်တောင်မခပ်ဘဲသတ်နိုင်သည်။အသက်ငယ်သော်လည်းသူရဲ့အင်းအားကဒီနိုင်ငံသမ္မတကိုတောင်ဖြုတ်ချနိုင်သည့်အထိအင်းအားကြီးမားသည်။လူတိုင်းကသူကိုDaxဟုခေါ်ကြသည်။ဂရိဘာသာစကားဖြင့်ပြောရမယ်ဆိုရင်ခေါင်းဆောင်ဟုအဓိပ္ပာယ်ရသည်။
![](https://img.wattpad.com/cover/366913961-288-k876379.jpg)