ep15

7.6K 221 2
                                    

Unicode

"Mrs.Sunlieကျွန်တော်ကိုနှောင့်ယှက်နေတာတော်သင့်ပြီးထင်တယ်"

"တို့ကမောင့်ကိုနှောင့်ယှက်နေတာမဟုတ်ပါဘူး။မောင့်ကိုအမှောင်ထဲကနေကယ်တင်ပေးနေတဲ့လူပါ။"

မောင်ဆိုတဲ့အသုံးအနှုန်းကြောင့်အန်ယိမ်းဟန်ဒေါသထွက်မိသည်။မကြိုက်ပါ။ဒီအသုံးအနှုန်းကသူလူဆိုးကောင်လေးကိုအမြတ်တနိုးခေါ်ရတဲ့နာမ်စားလေးမို့။

"မောင်ကငရဲဆိုရင်တောင်ကျွန်တော်ကငရဲကိုလိုက်ဆင်းမယ့်သူပါ။ကျွန်တော်ကလေးတစ်ယောက်မဟုတ်ပါဘူး။စိတ်ပူပေးလို့ကျေးဇူးတင်မိပေမယ့်နောက်ဒီကိုမလာခဲ့ပါနဲ့။"

"ဟက် တို့ကိုအမိန့်လာပေးနေတာတော့မဟုတ်ပါဘူးနော်"

သူမသည်နီရဲနေတဲ့သူမနှုတ်ခမ်းထူထူအားပိုမိုစုထော်ကာဆံပင်ခွေများအားနောက်သို့ပစ်ကာပြောလာသည်။သူမရုပ်ရည်နဲ့ဆိုရင်သူထက်သာတဲ့ယောကျာ်းလေးတွေကိုခေါင်းခေါက်ပြီးယူလို့ရသည်။လူဆိုးကောင်လေးကိုထိချင်လို့သက်သက်သူကိုချဉ်းကပ်မှန်းသိသည်။

မိန်းကလေးတစ်ယောက်ကိုစကားလုံးရင့်ရင့်တွေမသုံးချင်သော်လည်းနေ့တိုင်းလာသောအမျိုးသမီးကြောင့်သူအပြတ်ပြောမိသည်။ပတ်ဝန်းကျင်အတွက်လည်းမကောင်းဘူး။ဘာလို့ဆိုဒီမှာရှိတဲ့လူတိုင်းကိုလူဆိုးကောင်လေးကသူအမျိုးသားအဖြစ်မိတ်ဆက်ပေးပြီးသား။လူတွေရဲ့ပါးစပ်ကြားထဲရောက်သွားမှာကိုမလိုလား။

"ဒီကအမကိုကျွန်တော်ရှင်းရှင်းဘဲပြောပါ့မယ်။
ကျွန်တော်ကလူလွှတ်တစ်ယောက်မဟုတ်ပါဘူး။ကျွန်တော်အမျိုးသားဖြစ်တဲ့Daxသိရင်လည်းဒီကိစ္စကကြီးကြီးဖြစ်သွားနိုင်ပါတယ်။မိန်းကလေးတစ်ယောက်ရဲ့သိက္ခာကိုတော့အမျိုးသမီးတစ်ယောက်အနေနဲ့ထိန်းသိမ်းသင့်ပါတယ်"

"တို့ပုံစံက Daxကိုကြောက်နေတဲ့ပုံစံဖြစ်နေလို့လား"

"မင်းက ငါ့အကြောင်းတကယ်မသိသေးတာဘဲ"

"လူဆိုးကောင်လေး!!!"

"ကလေးတွေကိုစာသွားသင်တော့Honeyတစ်အောင့်နေမောင်လာခေါ်မယ်"

DaxWhere stories live. Discover now