ep35(final)

12.7K 293 15
                                    

Unicode

"ဖြည်းဖြည်းနင်းနော်"

"yes"

သားသည်စက်ဘီးသေးသေးလေးအားစီးကာခြံထဲမှာပတ်နေသည်။Dသည်သားအားစိတ်မချစွာအော်နေရသည်။ကိုယ့်တူ​လေးကနုနုထွဋ်ထွဋ်လေးမို့အရမ်းသည်းရပါတယ်

"ကိုကြီးကလည်း Laxကငယ်သေးတာဘဲ၊ကားလေးဝယ်ပေးတာမဟုတ်ဘူး။စက်ဘီးကြီး"

Dရဲ့စကားသည်အန်ယိမ်းဟန်ကိုအပြစ်တင်နေသယောင်၊ကျန်တဲ့လူတွေကလည်းခေါင်းတစ်ငြိမ့်ငြိမ့်

"ဘာလုပ်မှာလဲ
အဲ့ကားသေးသေးလေးက
ကလေးပျင်းပါပျင်းသွားလိမ့်မယ်၊ခုကြည့်မင်းတို့တူလေးကိုသူ့ဘာသူနင်းပြီးပျော်နေတာကို၊ငယ်ငယ်လေးထဲကကိုယ့်အားကိုယ်ကိုးတတ်အောင်သင်ပေးရမှာမိဘတာဝန်ဘဲ။"

"........"

"Laxကိုငါဗိုက်နဲ့လွယ်ပြီးမွေးထားတာပါ၊
မင်းတို့လောက်ငါ့လည်းချစ်ပါတယ်။သိပ်သည်းတာဘဲ"

"ဒီတူလေးတစ်ယောက်ဘဲရှိတာကို သည်းမှာပေါ့!"

လေးယောက်လုံးသည်တစ်လေသံထဲ၊အန်ယိမ်းဟန်လည်းဒီအုပ်စုကိုမနိုင်တာမို့လက်မြှောက်အရှုံးပေးလိုက်သည်။

"ပါး Lax ချောရယ်"

"ငါ့သားချောတာပါးသိတာပေါ့"

စက်ဘီးသေးသေးလေးကခြေထောက်နားကိုရောက်လာတာပြီးပြောတာမို့အန်ယိမ်းဟန်ခပ်သာသာလေးပြောလိုက်သည်။နှစ်နှစ်မပြည့်တစ်ပြည့်လေးကအတတ်လေး

"တုတ်ဝူး နော်ရယ်"

"ဟမ်း!"

"သားကမောတယ်လိုပြောတာ ကိုကြီး"

Aသည်သားစကားကိုဘာသာပြန်ပေးသည်။သားစကားကိုလည်းတစ်ချက်တစ်ချက်ကိုယ့်မှာမနည်းနားထောင်ရတယ်။ဘိုလိုမှုတ်ရင်ပိုဆိုးသည်။ဘာမှကိုနားမလည်တော့၊သူDaddyနဲ့သူ့ဦး​​လေး​တွေနဲ့ဘဲသူ့စကားကိုနားလည်သည်။

"မောရင် အအေးသောက်မလား
ပါးပါး လိမ္မော်ရည်လေးLaxအတွက်လုပ်ပေးထားတယ်"

"yes"

သားကိုခုံပေါ်ဆွဲတင်လိုက်တော့သူဦး​လေး​တွေသည်သားရဲ့ပါးပြင်လေးတွေနားထင်လေးတွေမှာကပ်နေတဲ့ချွေးတွေကိုလာသုတ်ပေးကြသည်။သူတို့ကကိုသည်းတာ

DaxWhere stories live. Discover now