ep1

35.2K 732 8
                                    

Unicode

"အားး!!!"

နာကျင်လွန်းလို့ထွက်လာတဲ့အသံ။ထိုလူအသံကိုကြားရခြင်းဖြင့်လူတွေသည်သူကိုသနားရမယ့်အစားငရဲပြည်ကိုကောင်းကောင်းသွားရပါစေဆိုပြီးဆုတောင်းပေးကြသည်။ဘာလို့ဆိုခုသူခံနေရတာကငရဲထက်ပိုပြီးဆိုးရွားနေသည်။

ကြာပွတ်နဲ့ရိုက်ထားတာမို့ထိုလူတစ်ကိုယ်လုံးအရှိုးရာတွေပြည့်နှက်နေသည်။ဝတ်ထားတဲ့အင်္ကျီ​အပါးသည်ထိုကြာပွတ်ဒဏ်ကိုမခံနိုင်စွာပေါက်ပြဲကုန်သည်။ထိုအရှိုးရာပေါ်ကိုအက်စစ်လောင်းနေတာမို့ထိုလူသည်နာကျင်စွာအော်ဟစ်သည်။

"ကျစ် နားငြီးတယ်"

အရှေ့ရှိထိုင်ခုံပေါ်မှာခြေချိတ်ထိုင်နေတဲ့လူ၏စကားကြောင့်ကျန်လူများမှာထိုနာကျင်စွာအော်နေတဲ့လူရဲ့ပါးစပ်ကိုအဝတ်ထိုးထည့်ကျသည်။အဲ့တော့မှစိတ်ကျေနပ်တဲ့မျက်နှာဖြစ်သွားသည်။

ထင်းနေတဲ့မျက်ခုံတန်း။ဖြောင့်ဆင်းနေသောနှာတံ၊ပိရိသေသပ်နေတဲ့နှုတ်ခမ်းအစုံ၊သေသပ်ပြီးသွယ်ကျနေတဲ့မေးရိုး၊နက်မှောင်နေတဲ့ဆံနွယ်ကလှန်တင်ထားတာမို့သူရဲ့မျက်နှာကျကပိုမိုပေါ်လွင်နေသည်။ပြာလဲနေတဲ့မျက်လုံးများသည်သူအမိန့်အားလုပ်ဆောင်စေသည့်လက်နက်ဖြစ်သည်။ထိုမျက်လုံးများကအမြဲအေးစက်နေတက်သည်။19နှစ်ဆိုသောအသက်အရွယ်နဲ့မလိုက်အောင်ရှည်လျားတောင့်ဖြောင့်သောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီးအမြဲတမ်းအေးအေးစက်စက်မျက်နှာဖြင့်သာနေတက်သည်။သူရဲ့အပြုံးကိုဘယ်သူမှမတွေ့ဖူးပေ။သူကိုယ်တိုင်လည်းလူစဖြစ်ထဲကမပြုံးခဲ့ဘူးပေ။

"Daxသူကိုဘယ်လို"

"သတ်လိုက်"

ပိပိသသထွက်လာတဲ့အသံသည်အဝတ်စပိတ်စို့ပြီးအရှိုက်ခံနေရတဲ့လူအားခေါင်းတွင်းတွင်းရမ်းစေသည်။ဒါပေမယ့်Daxဆိုသူကတစ်စက်မှလှည့်မကြည့်ခဲ့ပါ။ဘောင်းဘီအိတ်ကပ်ထဲလက်ထိုးထည့်ကာအပြင်ကိုထွက်သွားသည်။

"ဟူး မင်းအတွက်စိတ်မကောင်းပါဘူး"

သေချာသည်ထိုလူသည်Dax၏အမိန့်​ဖြင့်သေချာပေါက်ကိုငရဲကိုရောက်သွားသည်။Daxသည်Broken Familyမှမွေးဖွားလာတဲ့လူတစ်ယောက်ပီပီရက်စက်ကြမ်းတမ်းပါသည်။သူလက်အောက်နေတဲ့လူတွေကိုလည်းအမှားအလုပ်မခံ။တစ်ခါမှားတာနဲ့သေချာသည်အဲ့လူအတွက်ငရဲကစောင့်ကြိုနေသည်။မျက်စိတစ်မှတ်အတွင်းမှာပင်လူဆယ်ယောက်ကိုမျက်တောင်မခပ်ဘဲသတ်နိုင်သည်။အသက်ငယ်သော်လည်းသူရဲ့အင်းအားကဒီနိုင်ငံသမ္မတကိုတောင်ဖြုတ်ချနိုင်သည့်အထိအင်းအားကြီးမားသည်။လူတိုင်းကသူကိုDaxဟုခေါ်ကြသည်။ဂရိဘာသာစကားဖြင့်ပြောရမယ်ဆိုရင်ခေါင်းဆောင်ဟုအဓိပ္ပာယ်ရသည်။

DaxWhere stories live. Discover now