ep3

13K 410 21
                                    

Unicode

"ကိုယ် Honeyကိုချစ်တယ်"

"ဟင် ကျွန်တော်ကယောကျာ်းလေးတစ်ယောက်လေ"

"အချစ်မှာမျက်စိမှမပါတာ"

"ဒါပေမယ့် ကျွန်တော်"

"ခုလောလောဆယ်honeyပြန်ချစ်ဖို့ခက်ခဲမှာသိတယ်။ကိုယ့်ကိုအချိန်အများကြီးမဆွဲဘဲပြန်ချစ်နိုင်အောင်ကြိုးစားပေး။"

Dax Honeyပါးပြင်ကမျက်ရည်စက်ကိုသုတ်ပေးကာပြောလိုက်သည်။အသားဖြူသူမို့နှာခေါင်းထိပ်လေးတွေပါးပြင်လေးတွေကနီရဲနေသည်။မျက်လုံးကိုပွတ်ထားတာမို့မျက်လုံးဝိုင်းဝိုင်းလေးတွေကပါရဲနေသည်။

"ကိုယ်အိမ်ကစည်းကမ်းချက်တွေကမများပါဘူး"

"ခက်လား"

"honeyလိုက်နာနိုင်မယ်လို့ကိုယ်ထင်တယ်။"

"အွန်း"

"တစ်အချက်.ကိုယ့်ကို "ကိုကို"လို့ခေါ်ရမယ်"

"အကို အသက်က"

"ကိုကိုလို့ခေါ်honeyထက်5နှစ်ကြီးတယ်"

Daxဖြူစင်သောမုသားစကားကိုပြောလိုက်သည်။Honeyနှုတ်ခမ်းကကိုကိုလို့ခေါ်တဲ့အသံချိုချိုလေးကိုကြားချင်သည်။အသက်19ဆိုပေမယ့်ရုပ်ရည်က29လို့တောင်ထင်ရသည့်အထိDaxကကြမ်းကြမ်းတမ်းတမ်းကြီးနေသည်။

"ကိုကိုလို့ခေါ်ကြည့်"

"ကို!ကို"

"ပြန်ခေါ်"

"ကိုကို"

"ဗျာ"

Daxဗျာလို့ထူးလိုက်တာမို့honeyမျက်နှာလေးကရဲတက်လာသည်။

"နှစ်အချက်ကဒီအိမ်မှာကိုယ်ကလွဲပြီးကျန်တဲ့လူတွေကို5စက္ကန့်ထက်ပိုမကြည့်ရဘူး။"

"ဟို "

"ဟိုတွေဘာတွေကိုယ်မသိဘူး။ဒါတွေကhoneyလက်ခံရမယ့်အရာတွေဘဲ"

"ဟုတ်"

"နောက်ဆုံးတစ်ချက်ကတော့ကိုယ့်ကိုပြန်ချစ်ရမယ်"

အန်ယိမ်းဟန်အိမ်စည်းကမ်းမို့အရမ်းခက်ခဲမယ်ထင်ခဲ့သော်လည်းတက်တက်စင်အောင်လွဲသည်။

"ကောင်းပြီ။ကိုယ်အပြင််ခဏသွားစရာရှိသေးတယ်။honeyဒီအခန်းမှာနားနားနေနေနေခဲ့နော်"

DaxWhere stories live. Discover now