ep30

7.6K 217 2
                                    

Unicode

"Lax"

Daxရဲ့သားLax

Daxတို့ဘဝထဲကဘုရားကပေးထားတဲ့ကောင်းချီးလေးတစ်ပါး

သားသည်4လပိုင်း1ရက်နေ့ဖွားသူ

သားသည်Daxလိုပင်ပါးချိုင့်လှလှလေးတွေပါသည်။honeyလိုအသားရေဟာအုအုနုနုလေးပင်။honeyလိုနှုတ်ခမ်းသေးသေးလှလှလေးတွေလည်းရှိသည်။

သားမျက်လုံးတွေကသူနဲ့လည်းမတူသလိုhoneyနဲ့လည်းမတူ။သူရဲ့ပြာလဲ့နေတဲ့မျက်လုံးနဲ့honeyရဲ့အညိုမကျတဲ့သမင်မျက်လုံးရောစပ်ထားသလို၊အပြာနုကိုမှခရမ်းသွယ်ရောင်လိုမျိုးလတ်ထနေသည်။

honeyနဲ့သူနဲ့အံ့သြသလိုသားရဲ့မျက်လုံးကိုမြင်တဲ့လူတိုင်းကလည်းအံ့သြမင်သက်နေဆဲ။အပြုံးချိုလွန်းလှတဲ့သားကDaxကိုအူတိုသေစေချင်တာလားမသိ။လာကြည့်သမျှလူတိုင်းကိုခိုးခိုးခစ်ခစ်ရယ်ကာပါးချိုင့်လှလှလေးတွေရှိကြောင်းထုတ်ကြွားတတ်သည်။

Daxဘဝသည်လွယ်ကူလှတဲ့ထဲမှာတော့မပါ။ဆိုင်သူလေးကြတော့လည်းသဝန်တိုရသလိုရင်းနှစ်သည်းချာလေးကလည်းhoneyနည်းတူအပြုံးလှလှလေးတွေပိုင်ဆိုင်နေသူမို့Daxရဲ့ရှေ့ဆက်ဘဝနေ့ရက်များသည်မနက်အူတို၊ညအူတိုဖြစ်ရတော့မည်။

အိပ်နေတဲ့အချိန်များဆိုရင်လေ နှစ်ယောက်လုံးကချစ်ဖို့ကောင်းနေသည်။Daxသားရဲ့ပါးဖောင်းဖောင်း​လေးကိုနှစ်ဝင်သွားကြောင့်တစ်ချက်။honeyနှုတ်ခမ်းလေးတစ်ချက်နမ်းကာအိပ်ရာမှထလိုက်သည်။

6လသားလေးရဲ့ခိုးခိုးခစ်ခစ်ရယ်သံလေးတွေ၊သားကစကားတွေများကြီးပြောသော်လည်းပါးပါးလို့လည်းမခေါ်သလိုမားမားလို့လည်းမခေါ်သေး။

ဖခင်နှစ်ယောက်လုံးကိုမှတ်မိနေသလို
သူဦးဦးတွေကိုမှတ်မိနေပြီး။သားသည်အနေအေးသည်လို့honeyကအမြဲပြောသည်။သားရဲ့ငိုသံကရှားပါးသည်။အမြဲမျက်နှာလေးကချိုနေတတ်သည်။

တစ်ခါသား သား3လသားလောက်ကကာကွယ်ဆေးထိုးတော့။မအီမသာဖြစ်ပြီးဂျီကျတော့သူဦးလေးလေးယောက်လုံးကလည်းhoneyနားမှာပြာယာခက်နေသလိုDaxကိုယ်တိုင်လည်းမျက်ရည်တွေပါကျသည့်အထိဖြစ်ခဲ့ဖူးသည်။

DaxWhere stories live. Discover now