ep11

9.1K 267 7
                                    

Unicode

မနေ့ကလူဆိုးကောင်လေးကိုဦးဆောင်လွန်းပြီဒီနေ့အန်ယိမ်းဟန်တစ်ယောက်အိပ်ရာထက်ကပင်မထနိုင်လောက်နေမကောင်းဖြစ်သွားရသည်။

မနေ့ကသူရဲ့တုံးအလွန်းတဲ့ပုဇွန်ခေါင်းကရွှေချထားဖို့ပင်ကောင်းလှသည်။အပေါ်မှာနေရတိုင်းဦးဆောင်သူလို့ထင်တဲ့မိမိကလည်းအမှန်တကယ်ပင်တုံးလှသည်။နှစ်ပေါက်တစ်ပေါက်ရိုက်သွားတဲ့လူဆိုးကောင်လေးကိုလည်းအန်ယိမ်းဟန်စိတ်ဆိုးသည်။

အိမ်ကိုည8နာရီထိုးမှရောက်ပြီးတစ်ကိုယ်လုံးမလှုပ်နိုင်အောင်ပင်ပန်းတာမို့လူဆိုးကောင်လေးပွေ့ချီလာခြင်းကိုခံရသည်။အဲ့အထိကိုအန်ယိမ်းဟန်စိတ်ထဲအကောင်းDရဲ့

"ကိုကြီးတော့Daxစားတာခံလာရပြီးထင်တယ်"

ဟူသောစကားကြောင့်အိပ်ရာထဲရောက်သည့်အထိအန်ယိမ်းဟန်အတွေးများလာသည်။ဖြစ်ခဲ့တာတွေအားလုံးကိုပြန်စဉ်းစားသုံးသပ်ရင်Dပြောသလိုသူလူဆိုးကောင်လေးဆီကအစားခံခဲ့ရတာပေါ့။လူဆိုးကောင်လေးကသူကိုလှည့်စားခဲ့တာပေါ့။

အန်ယိမ်းဟန်မှာတော့သူ့တောင်ဒီလောက်နာကျင်နေတာလူဆိုးကောင်လေးဆိုဘယ်လောက်တောင်နာကျင်လိုက်မလဲဆိုပြီးတစ်ချိန်လုံးတွေးပူပြီးသနားနေခဲ့တာခုတော့ဒင်းရဲ့နှစ်ပေါက်တစ်ပေါက်ရိုက်တာခံလိုက်ရတာကြောင့်ဒေါသများထွက်လာရသည်။

အန်ယိမ်းဟန်သူကိုအိပ်ရာထဲသေချာချပြီးအဝတ်အစားလဲဖို့လုပ်နေတဲ့လူဆိုးကောင်လေးကိုအချိုသတ်ကာလှမ်းခေါ်လိုက်သည်။

"မောင်"

"ဗျာ"

ဗျာ တဲ့လူဆိုးကောင်လေးကဒီလိုလေးထူးတော့လည်းချစ်စရာကြီး။မဖြစ်ဘူးနောက်မှချစ်စရာကြီးလုပ်။ခုတော့လူလိမ်ကောင်ကိုနောက်မလုပ်ရဲအောင်ဆုံးမရမယ်။

"ဒီနား ခဏလာအုံး"

"နေအုံး မောင်အဝတ်အစားလဲလိုက်အုံးမယ်"

"အခုလာခဲ့ပါဆို။အဝတ်အစားမပါတာပိုပြီးအဆင်ပြေတယ်။"

အန်ယိမ်းဟန်အပြောကြောင့်လူဆိုးကောင်လေးရဲ့မျက်နှာကချက်ခြင်းပြုံးလာသည်။ငါထင်တယ်၊ငါထင်တယ်

DaxWhere stories live. Discover now