ep29

7.1K 214 0
                                    

Unicode

"honey!"

Daxအသံသည်တုန်လှုပ်ချောက်ချားနေသည်။မချောက်ချားလို့လည်းမရHoneyကသူကိုထားပြီးအဝေးကိုထွက်သွားတာမို့၊သူလိုက်လေပြေးလေဖြစ်နေတဲ့honeyကြောင့်

"honey!"

လိုက်လို့မမှီတဲ့အနေအထားတစ်ခုကိုရောက်သွားတဲ့အချိန်Daxခြေထောက်တွေကိုပိုမိုအရှိန်တင်လိုက်သည်။ခပ်မြန်မြန်လျှောက်နေပေမယ့်honeyအရိပ်အယောင်ကိုလုံးဝမတွေ့တော့၊Daxသည်ပို၍မောပန်းလာသည်။

"honey!!!."

"လူဆိုးကောင်လေး!"

ဖျက်ကနဲ့ပွင့်လာတဲ့မျက်လုံးတွေ၊Daxအသက်ရှူသံတွေသည်မတည်ငြိမ်သေး၊တစ်ကိုယ်လုံးလည်းချွေးတွေနှစ်ရွဲနေပြီးဖြစ်သလို၊ရင်ဘက်ကလည်းနှိမ်ချည်မြင့်ချည်ဖြင့်

"အိမ်မက်ဆိုးတွေမက်နေတာလား၊လူဆိုးကောင်လေး"

"honeyမောင့်ကိုထားသွားလို့မရဘူးနော်"

အမေးနဲ့ကွဲလွဲတဲ့အဖြေကိုဖြေလာသူကြောင့်အန်ယိမ်းဟန်ရိပ်မိသွားသည်။လူဆိုးကောင်လေးအိမ်မက်ဆိုးမက်နေပြီးဆိုတာ၊

"မထားသွားပါဘူး။ငါမှလူဆိုးကောင်လေးကိုစိတ်မချတာဘာလို့ထားသွားရမှာလည်း"

တစ်ရှူးနဲ့လူဆိုးကောင်လေးရဲ့ချွေးတွေကိုသေချာသုတ်ပေးလိုက်သည်။ရေတစ်ခွက်ထည့်ကာတိုက်တော့ငြင်းဆန်ချင်နေတဲ့မျက်လုံးနဲ့ကြည့်နေသော်လည်းအန်ယိမ်းဟန်ချော့မော့ဟန်ဖြင့်မျက်နှာလေးပင့်ပြလိုက်တော့သောက်ရှာသည်။

"ငါကဘယ်တော့မှာထားသွားမှာမဟုတ်ပါဘူး။အဲ့ဒါကြောင့်မို့စိတ်ချလက်ချပြန်အိပ်ပါလားလူဆိုးကောင်လေးရယ်"

"အင်း"

ပြန်လဲကာလက်မောင်းတစ်ဖက်ဆန့်တန်းလာတဲ့လူဆိုးကောင်လေးကသူကိုပါအိပ်ဖို့ပြောသည်။အန်ယိမ်းဟန်လည်းခပ်ဖြည်းဖြည်းလဲချကာလူဆိုးကောင်လေးရဲ့လက်ကိုအားကိုးရာတစ်ခုအဖြစ်သတ်မှတ်ကာခိုနားလိုက်သည်။

ဗိုက်ပူပူပေါ်လက်ရောက်လာတဲ့လူဆိုးကောင်လေးကြောင့်အန်ယိမ်းဟန်ပြုံးသွားရသည်။သူတို့ရဲ့ရင်သွေးလေးသူတို့စီရောက်လာတော့မည်၊

DaxWhere stories live. Discover now