ep10

9.6K 257 3
                                    

Unicode

"Dax မင်းMotherကြီးကအန်ယိမ်းကိုခေါ်ပြီးသူအိမ်ကိုလာပါအုံးတဲ့"

"သူမကဘာကိစ္စရှိလို့လဲ"

"ငါ့အထင်တော့အန်ယိမ်းကိုမြင်ချင်လို့ထင်တယ်။"

"အင်း။မနက်ဖြန်honeyကျောင်းပိတ်တယ်မလား။မနက်ဖြန်သွားမယ်။ခုhoneyကိုသွားကြိုတော့မယ်"

Dax honeyကျောင်းသွားကြိုလိုက်သည်။ဆိုင်ကယ်နဲ့သွားချင်ပေမယ့်honeyကိုတစ်ခြားသူတွေမြင်မှာမလိုလားတာကြောင့်honeyအပို့အကြိုကိုကားဖြင့်သာစီစဉ်သည်။

တွေ့ပါပြီးDaxမူပိုင်လေး၊ဘေးတွင်လည်းကလေးငါးယောက်လောက်ရှိသေးသည်။သူတို့တွေ့တော့လှမ်းပြုံးပြသည်။Dax honeyထိုင်နေတဲ့ခုံနားကိုအမြန်သွားပြီးhoneyနှုတ်ခမ်းပါးလေးကိုဖိကပ်နမ်းလိုက်သည်။နေသားကျသွားတဲ့honeyကအရင်ကလိုလူဆိုးကောင်လေးဆိုပြီးသိပ်မပြောတော့

"ဆျာလေးကို ဒီအစ်ကိုကြီးကပြွတ်ဆိုပြီးနမ်းတယ်"

honeyကသူကလေးတွေကိုဆရာလေးလို့မြန်မာလိုခေါ်ခိုင်းသည်။ဒါကိုကလေးတွေကဆျာလေးဆိုပြီးမပီတပီခေါ်ကြသည်။Daxအနေနဲ့ကလေးတွေကိုပြောချင်ပေမယ့်honeyမျက်နှာနဲ့မပြောဘဲနေရသည်။

"honeyပြန်မယ်။"

"နေပါအုံးလူဆိုးကောင်လေးရဲ့။ကလေးမိဘတွေလာကြိုတာခဏစောင့်ပေးလိုက်အုံးလေးနော်"

"အွန်း"

အန်ယိမ်းဟန်လူဆိုးကောင်လေးရဲ့မကျေမနပ်အွန်းဆိုတဲ့အသံလေးကြောင့်ပြုံးလိုက်သည်။သူရဲ့လူဆိုးကောင်လေးကတစ်ခြားသူကိုသာဘုနဲ့ဘောက်ပြောတက်ပေမယ့်သူစကားဆိုတစ်လုံးမကျန်အကုန်နားထောင်လေ့ရှိသည်။သူ့ကိုယ်တိုင်တောင်သတိမထားမိဘဲပြောမိတဲ့စကားလုံးတွေကအစမှတ်မိတက်တဲ့လူဆိုးကောင်လေးကခန့်ထည်တို့ပြောသလိုDaxကမင်းကိုတကယ်ချစ်တာပါတဲ့။

အသက်24ရှိပြီးဆိုသော်ငြားအချစ်ဆိုတာဘာလဲမသိတဲ့အထိအန်ယိမ်းဟန်တုံးအပါသည်။ငယ်ငယ်လေးထဲကကျောင်းစာရယ်ဒေါ်ဒေါ်တို့ခိုင်းတဲ့အိမ်အလုပ်ရယ်ကလွဲပီးဘာမှမသိခဲ့ပေ။ကြီးလာတော့လည်းကျောင်းကကလေးတွေကိုစာသင်တဲ့အလုပ်ရယ်တစ်ခြားအပြင်အလုပ်လေးရယ်ကလွဲပီးဘာမှမသိခဲ့။မိန်းမပျိုတစ်ယောက်ကိုသူအနေနဲ့ရင်ခုန်မပြောနဲ့စေ့စေ့တောင်မကြည်ခဲ့ဖူးဘူး။ကလေးမိဘတွေကျောင်းဆရာမကြီးတွေနဲ့သာကြုံခဲ့ဖူးရသည်မို့။

DaxWhere stories live. Discover now