ep28

7.1K 213 0
                                    

Unicode

"အဲ့ဒါစားချင်တာလို့"

"အဲ့ဒါတွေကစပ်တယ်လေ honeyရာ"

ဖုန်းထဲကအချဥ်ပေါင်းတွေအားလာပြသူနဲ့Daxနဲ့စစ်တိုက်နေခြင်း၊8လထဲဝင်လာပြီးဖြစ်တဲ့ဗိုက်လေးကပူပူဖောင်းဖောင်းလေး။မျက်နှာလေးကလည်းပြည့်ပြည့်လေးပင်။

"ငါအဲ့ဒါဘဲစားမှာလို့!!!"

"မစားရဘူးလို့honey!!"

သူတစ်ပြန်ကိုယ်တစ်ပြန်အော်နေကြတဲ့လူနှစ်ယောက်အားကြည့်ရင်းကျန်တဲ့လေးယောက်မှာပါးစပ်အဟောင်းသား။နှစ်ယောက်လုံးကတကယ့်ဟာကြီးတွေမို့ဝင်မဆွဲရဲ။

Daxထက်ပင်ပိုပြီးသြဇာညောင်းလာတဲ့ဗိုက်ဗိုက်ကိုပိုလိုတောင်ကြောက်သေး၊

"လာအမိန့်မပေးနဲ့နော်၊အဲ့ဒါမှမစားရရင်အိမ်ပေါ်ကဆင်းမှာ"

"honeyနော် အရင်လိုမမိုက်ရိုင်းလို့ပြောချင်တိုင်းပြောမနေနဲ့၊သားကသည်ကောင့်လိုအရိုင်းအစိုင်းလေးထွက်လာမှာဆိုးလို့ငြိမ်နေတာနော်"

Daxသည်honeyမှာသားလေးရှိပြီးဆိုထဲကအရင်လိုရိုင်းရိုင်းစိုင်းစိုင်းတွေမပြောတော့၊အတက်နိုင်ဆုံးစည်းစောင့်သည်။

အဲ့ဒါကြောင့်မို့လည်းအရာအားလုံးကအဆင်​ပြေပြေချောချောမွေ့မွေ့ပင်။honeyကလည်းအရင်ကဒီလိုမဟုတ်။သူကိုပင်အနွံတာခံပြီးချစ်ပေးသေးတာ။အရာရာအလိုလိုက်ပေးသေးသည်။

ခုလိုမျိုးစိတ်ကြီးတာကဒီ8လဝင်တော့မှ၊တစ်ခုခုအလိုမကျရင်အိမ်ပေါ်ကဆင်းမယ့်အကြောင်းသာပြောသည်။အရာအားလုံးသူ့အလိုကျပင်။

အရင်ကအလုပ်ကိုအတင်းတွန်းပို့သော်လည်းHoneyမှာသားလေးရှိပြီးဆိုထဲကDaxအလုပ်တွေအကုန်AEDနဲ့ခန့်ထည်တို့လက်ထဲအပ်ထားသည်။ဘယ်သူကိုမှမယုံပါ၊ဒါကြောင့်အကုန်ကိုယ့်လက်ကိုယ်ခြေနဲ့သာ

Honeyကတော့လူဆိုးကောင်လေးပင်ပန်းတယ်လို့ခဏခဏပြောသော်လည်းDaxသည်အရင်ထဲကခံပြောနားထောင်မို့Honeyလည်းလက်လျော့ထားရသည်။

အစားအသောက်ဆိုလည်းသူကိုယ်တိုင်ကြည်ရှုစစ်ဆေးပြီးမှhoneyကိုစားစေသည်။သူမှာကရန်သူဆိုတာနေရာတိုင်းမှာရှိသည်။ဖြစ်ပြီးမှhoneyရေဆိုပြီးငိုလို့မရ။မဖြစ်ခင်ထဲကအရာရာကိုအကုန်ထောင်စေ့ကြည့်ရှုစစ်​ဆေးသည်။အရာရာတိကျနေရမည်။

DaxWhere stories live. Discover now